ထိုင်းတွေနဲ့အလုပ်လုပ်တဲ့အခါ မြန်မာအနုပညာသမားတွေကို အထင်မြင်သေးသွားမှာမျိုး မလိုချင်ဘူး မင်းဦး

0
169

Min-Oo

 

‘ဆုံစည်းခြင်းမိုးတိမ်များ’ရုပ်သံဇာတ်လမ်း တွဲမှာ သရုပ်ဆောင်မင်းဦးရဲ့ ထူးထူးခြားခြားဘဝသုံး ဘဝကို ပြောင်းလဲသရုပ်ဆောင်ထားတာကို မြင် တွေ့ရပါတယ်။ ခေတ်အလိုက် စတေးခံရတဲ့ဘဝ၊ ရက်စက်တဲ့ မြို့စားမင်းဘဝ၊ အတုံ့အလှည့်ပုံစံ သရုပ်ဆောင်ရတဲ့အပေါ် ကိုယ့်ရဲ့သရုပ်ဆောင်မှုကို အားရကျေနပ်မှုရှိတယ်လို့ မင်းဦးက ဆိုပါတယ်။ နောက်ထပ်လည်း ဇာတ်လမ်းတွဲတွေ ထပ်မံရိုက် ကူးနေတဲ့ မင်းဦးက ‘ဆုံစည်းခြင်း မိုးတိမ်များ’ဇာတ် ကားမှာ ကြိုးစားအားထုတ်မှုတွေနဲ့ပတ် သက်လို့………

“အစ်ကိုက အသက်လည်း နည်းနည်း ရလာပြီဆိုတော့ ဇာတ် ကားကောင်းလေး တွေပဲ ရိုက်ကူးချင်တယ်။ ဒီဇာတ်လမ်းတွဲ မှာလည်း အစ်ကိုသရုပ်ဆောင်ရတာ တအားပင်ပန်းတယ်။ ဘဝတွေအများကြီး လုပ်ရတာကို ပရိသတ်တွေလည်း မြင်မှာပါ။ ထိုင်းတွေနဲ့ ရိုက်ရတာဆိုတော့ ပုံမှန်ရိုက်ကူးနေ ကျနဲ့လည်း မတူဘူး။ ကိုယ့်ဘက်ကလည်း ကြိုးစားရ တယ်။ မြန်မာအနုပညာသမားတွေအပေါ်မှာ လည်း အထင်သေးသွားမှာမျိုး မလိုချင်ဘူး။ ဗုဒ္ဓဘာသာအယူအဆအရဆိုရင်တော့ မကောင်းတာလုပ်ရင် မကောင်းတာခံရ မယ်ဆိုတဲ့ ပညာပေးဇာတ်လမ်းလေးပေါ့။ နောက်ဆုံးလက်ရှိဘဝမှာ အတိတ်ကလုပ် ခဲ့တဲ့ အကုသိုလ်တွေကို ပြန်ခံရတဲ့ ဇာတ်ရုပ်လည်း ပါပါတယ်။ အစ်ကို လည်း ကောင်းကောင်းလေးသရုပ် ဆောင်နိုင်ခဲ့တယ်”လို့ မင်းဦးက ပြော ပြပါတယ်။ မင်းဦးက လက်ရှိမှာလည်း ‘အမုန်းမှသည်’ ရုပ်သံဇာတ်လမ်း တွဲမှာ ပါဝင်သရုပ်ဆောင်နေတယ် လို့သိရပါတယ်။ မင်းဦးကို ပရိသတ် တွေက အခုအချိန်အထိ အရွယ် တင်နုပျိုနေဆဲပဲလို့ အသိအမှတ်ပြုကြပါတယ်။ အသက်အရွယ်အရလည်း မင်းဦးက ကျန်း မာရေးအတွက် အားကစားပြုလုပ်သလို၊ ခန္ဓာ ကိုယ်ကိုလည်း ထိန်းသိမ်းတယ်လို့ ဆိုပါတယ်။

“အစ်ကို့အသက်အရွယ်မှာဆို ဝကြတာ များတယ်။ ဒါကြောင့်အစ်ကိုက ကျန်းမာရေး အတွက်ရော၊သရုပ်ဆောင်ပိုင်းအတွက်ရော ခန္ဓာကိုယ်ကို ထိန်းတယ်။ လေ့ကျင့်ခန်းလုပ် တယ်။ လေ့ကျင့်ခန်းကိုလည်း ကြီး ကြီးကျယ်ကျယ်၊ ပြင်းပြင်းထန်ထန်ကြီးတော့ မလုပ်ဖြစ်ဘူး။ အသားအရေအတွက်လည်း Skin Care လုပ် ဖြစ်တယ်။ နောက်ပိုင်းမှာ ဇာတ်ကားတွေရိုက်ကူး ရင် ဒစ်ဂျစ်တယ်ခေတ်ဖြစ်လာတဲ့အတွက် မိတ် ကပ်ကိုလည်း လုပ်လာရပါတယ်။ မိတ်ကပ် မလုပ်လို့လည်း မရတော့ဘူးလေ”လို့ မင်းဦးက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here