တာဝန်အရ ဆိုတဲ့ သီချင်းအသစ်ကို အွန်လိုင်းကနေ ဖြန့်ချိမယ့် အဆိုတော် ဝိုင်းလေး

0
212

Wyne-Layဝိုင်းလေးက “တာဝန်အရ” ဆိုတဲ့ သီချင်းသစ်တစ် ပုဒ်ကို အွန်လိုင်းကနေ ဖြန့်ချိဖို့ အတွက် ရိုက်ကူးမှုတွေ ပြုလုပ်နေပါတယ်။ သူမရဲ့သီချင်းသစ်ကိုတော့ ဒါရိုက်တာ နေဟိန်းက ရိုက်ကူးထားပြီး ဝိုင်းလေးနဲ့ ပိုင်တံခွန်တို့က သရုပ် ဆောင်ထားကြတာဖြစ်ပါတယ်။

“ညီမစီးရီးခွေကို၂ဝ၁၇ခုနှစ်  နှစ်ကုန်ပိုင်းလောက် မှာ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒုတိယ အခွေက ကျတော့ ပရိသတ်တွေ လက်ထဲကို ရောက်နိုင်ဖို့ဆိုတာ ထက် ပထမအခွေ ထက် အများကြီး ကောင်းချင်လို့ ညီမ ခွန်အားတွေ အများကြီး အားထုတ်စိုက်နေတယ်။ သီချင်း မြူးဇစ်အပိုင်းရော၊ ဆိုတဲ့အပိုင်းရော၊ ရွေးချယ်မှု ပုံစံရော ဝိုင်းလေးနဲ့ Music Trend တစ်ခု ကိုတွဲမြင်ဖို့ အတွက် ညီမအများကြီး ကြိုးစားနေတယ်။ သီချင်းက အချိန်တော့ ယူရမယ်။ ဒါပေမဲ့ ၂ဝ၁၇ခုနှစ် မတိုင် ခင်မှာ ညီမအနေနဲ့ Single Music Video  အနေနဲ့သီချင်းတွေ ဖြန့်ဖို့ရှိတယ်။ ပထမဦးဆုံး အနေနဲ့ ညီမ ဇွန်လမှာ Media 7  နဲ့အတူ Music Video တစ်ပုဒ် စဖြန့်ဖို့အတွက် ရိုက်ကူးရေး လုပ်ဖြစ်တာပါ”လို့ သီချင်းသစ် တစ်ပုဒ်တည်း ဖြန့်မယ့်အကြောင်းကို ပြောပြပါတယ်။

ဝိုင်းလေးအနေနဲ့ ရုပ်သံ ဇာတ်လမ်းတွဲ တချို့ရဲ့ဇာတ်ဝင်တေး တွေ သီဆိုလေ့ရှိသလို သူမသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလည်း ရှိတာကြောင့် သရုပ်ဆောင် ဘက်လှမ်းဖြစ် မလားဆိုတဲ့ အမေးကို သီချင်းဘက်မှာ နာမည် တစ်ခု ရှိချင်တာကြောင့် သရုပ်ဆောင်ပိုင်းကို လက် ရှိအချိန်မှာ လှမ်းဖို့မရှိသေးကြောင်း ပြောပါတယ်။ ဝိုင်းလေးက Miss တစ်ယောက်လည်းဖြစ်တော့ သူမရဲ့ပရဟိတတွေ အကြောင်း နဲ့ ပတ်သက်ပြီး မေးဖြစ်တဲ့အခါ “ညီမတို့ Miss Myanmar Charity Group  က အခုချိန်အထိ Active ဖြစ်နေ ပါသေးတယ်။ တောက် လျှောက်ပရဟိတလုပ်ဖြစ်နေတယ်ပေါ့နော်”လို့ ဝိုင်းလေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here