ကလေးလို့ မြင်နေတာတွေပျောက်ရင် ကျေနပ်ပါပြီ အားသစ်

0
279

arr

ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို ရောက်ရှိ လာတဲ့ သရုပ်ဆောင်အားသစ်က ခုလက်ရှိမှာတော့ မင်းသားတစ်လက် အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် ဘဝကနေ ဘဝ အသားပေး ဒရာမာ ဇာတ်ရုပ် တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်အားပေးမှု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

“ဒီနှစ်ထဲမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ‘ အောင်သွယ်တော် စိန်အားသစ်’ ရုပ်ရှင်ဇာတ်ကား ရုံတင်ဖို့ရှိပါတယ်။ အဲဒီ ဇာတ်ကား ထဲမှာ ကိုခန့်စည်သူ၊ အန်တီထွန်း အိန္ဒြာဗိုလ်၊ မယုသန္တာတင်တို့နဲ့ အတူပါဝင် သရုပ်ဆောင် ထားပါ တယ်။ ဟာသ ဇာတ်ကားလေးပါ။ ကျွန်တော်က ကျောင်းမှာ အောင်သွယ် လိုက်လုပ်ပြီး မွှေတဲ့ ကာရိုက်တာလေး သရုပ်ဆောင် ထားပါ တယ်။ ကျွန်တော် ရဲ့ ပထမဆုံး ဟာသဇာတ်ကားလို့လည်း ပြောလို့ ရပါတယ်။ ဟာသက အခုမှ စလုပ်တာဆိုတော့ အခက်အခဲ တော်တော် များများ ရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ကလေးသရုပ်ဆောင် ဘဝကနေ မင်းသားဖြစ်လာတာ ကြောင့် ပရိသတ်အနေနဲ့လည်း ကလေးလို မြင်နေ တာတွေ ပျောက် ရင် ကျေနပ် ပါပြီလို့ အားသစ်က ပြောပါတယ်။ မင်းသား အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဇာတ်ကားများလည်း မကြာမီ ထွက်ရှိလာ မှာဖြစ်ကြောင်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here