ပါပါးက ဂစ်တာ မတီးတတ်တဲ့သူဆို မသင်ပေးချင်ဘူးဆိုတဲ့ ချစ်စမ်းမောင် ရဲ့ သမီးငယ်

0
170

Nge-Ngel-Lay“အိပ်မက်နဲ့ စိတ်ဓာတ်” ဆိုတဲ့တစ်ကိုယ်တော် စီးရီးခွေ ထွက်ထားတာ ၂လနီးပါးလောက် ရှိခဲ့ပြီဖြစ်တဲ့ ဂစ်တာပညာရှင် ချစ်စမ်းမောင်ရဲ့ သမီးငယ် ငဲငယ်လေးက အခွေထဲက သူ့သီချင်းတွေကို ကြိုက်တယ်၊ အားပေးတယ် ဆိုတဲ့ Feedbackလေးတွေကြောင့် ခွန်းအားတွေဖြစ် စေတယ်လို့ဆိုပါတယ်။ ငဲငယ်လေးက သူ့အခွေထဲက သီချင်းတစ်ပုဒ်ကို ပြိုင်ပွဲ လုပ်ဖို့ရှိကြောင်းလည်း ပြောပါ တယ်။

“ငယ်လေး စီးရီးခွေထဲက ဦးရွှေ ဂျော်ဂျော်ရေးပေးထားတဲ့ “ငြိမ်းချမ်းရေး” ဆိုတဲ့သီချင်း၊ အဲဒီသီချင်းကို ပြိုင်ပွဲလုပ်ဖို့ ရှိပါတယ်။ ဦးရွှေဂျော်ဂျော်က လုပ်ချင် တယ်ဆိုပြီး ကမ်းလှမ်းလာတာပါ” လို့ ငဲငယ်လေးက ပြောပါတယ်။

ဖခင်ဖြစ်သူဆီက ဂီတနဲ့ပတ်သက် လို့ ဘာတွေလေ့လာဖြစ်နေလဲလို့ဆိုတဲ့ အခါ “ပါပါးက ၁ဝနာရီလောက်ဆို ထတယ်။ ၁၂နာရီလောက် ဆိုရင် အလုပ်စလုပ်ပြီ။ သူထတာနဲ့ ငယ်လေးက သူ့ကို ဂစ်တာ သင်ခိုင်းပြီ။ ၁ဝနာရီကနေ ၁၂နာရီ လောက် အထိကတော့ ငယ်လေးကို ပေးရတဲ့ အချိန်ပေါ့။ မနက်တိုင်းတော့ သူနဲ့ အမြဲလေ့ကျင့်ဖြစ်ပါတယ်။ ငယ်လေးက အရင် တုန်းက ဂစ်တာ အရမ်းမတီးတတ်ဘူး။ ပါပါးက ဂစ်တာမတီး တတ်တဲ့သူဆို မသင်ပေးချင်ဘူး ဆိုတော့ ငယ်လေးသူ နဲ့သင်ချင် တဲ့အတွက် ဂစ်တာကို တီးတတ်အောင် ပိုင်ပိုင်နိုင်နိုင် လုပ်ရ တယ်။ ငယ်လေးအသက် ၆နှစ်၊ ၇နှစ်လောက်မှာ ဂစ်တာတီး စသင်ခဲ့တာပါ”လို့ ငဲငယ်လေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here