ဆရစ်ဝိုင်းနဲ့ အကျိုးပေးတဲ့ သူရိယ

0
204

 

 

Thu-Yi-Ya

ဖေ့စ် ဘုတ်ရွာ ၂ ဟာသဇာတ်ကားကြီးမှာလည်း သရုပ်ဆောင်သူရိယကို ဆံရစ်ဝိုင်းဆံပင်ပုံစံနဲ့ တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးတာဖြစ်ပြီး သူရိယနဲ့အတူ ကျော် ရဲအောင်၊ လူမင်း၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ ဆုအိမ့်စံတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။’ ဖေ့စ်ဘုတ်ရွာ ၁’ ရုံတင်ပြသခဲ့ ချိန်တုန်းကလည်း လူငယ်ပရိသတ်တွေကြားမှာ  အထူးရေပန်းစားခဲ့တာ ကြောင့် အခု၂ ရိုက်ကူးချိန်မှာ သူရိယကိုယ်တိုင် ထူးထူးခြားခြားပါဝင် ထားတဲ့ ကာရိုက်တာ  အကြောင်းမေးမြန်းတော့…

“ကျွန်တော်တို့အခုရိုက်ကူးနေတဲ့ ၂က အရင်’ဖေ့စ်ဘုတ်ရွာ၁’နဲ့ တော့ ပုံစံချင်းသိပ်တော့မတူပါဘူး။ အရင်လူတွေကအပြင် သရုပ် ဆောင် အသစ်တွေလည်းပါတယ်။ ကျွန်တော်ကတော့ ‘ငှက်ကြား’ ဆိုတဲ့ ဇာတ်ကောင်နဲ့ပါ။ ရွာကသူဋ္ဌေးပုံစံ ဆိုတော့ပုံစံ တွေ လူရိုင်းပုံစံတွေမှာ ပရိသတ်တွေ မြင်ရမှာပါ။ ကိုကျော်ရဲ အောင်နဲ့အပြိုင် ပိုးပန်းကြတဲ့ပုံစံလေးပါ”လို့ သူရိယက ပြော ပါတယ်။

သူရိယက ‘ပဉ္စလက်ရွာ’ဇာတ် လမ်းတွဲရိုက်ကူးတည်းက ဆံရစ်ဝိုင်း ဆံပင်ပုံစံကို ထားထားတာဖြစ်ပြီး ဆံရစ်ဝိုင်းကိုတော့ စက်စက်ယိုရွာက ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဆံရစ်ဝိုင်းကို ထားထားတာ ၄လခန့် ရှိပြီဖြစ်တဲ့ သူရိယက ဆံရစ်ဝိုင်းနဲ့ အကျိုး ပေးတယ်လို့ ပြောပါတယ်။ အခုခေတ်မှာထားရခက်ခဲတဲ့ ဒီဆံရစ် ဝိုင်းဆံပင်ကို သူရိယ ဘယ်အချိန်ထိ ထားမလဲဆိုတာကို မေးမြန်းတော့….

“အရင်ကတော့ စက်စက်ယို ရွာကလုပ်ပေးလိုက်တာပါ။ အခု တော့ မိတ်ကပ်သော်က ပြန်လုပ်ပေးထားပါတယ်။ ဒီဆံပင်ကလည်း ကာရိုက်တာအရ ကျွန်တော်ထားထားတာပါ။ ဒေါက်တွေ၊ ဘာတွေ ကိုလည်း ဖြတ်ထားရတယ်။ ဒီဆံပင်ထားထားတာလည်း ၄လ လောက် ရှိပြီဆိုတော့ ဖေ့စ်ဘုတ်ရွာ၂ ဇာတ်ကားရိုက်ကူးပြီးရင်တော့ ဒီဆံပင်ပုံစံကို ပြောင်းမှာပါ။ ကျွန်တော်နဲ့က ဒီဆံပင်နဲ့အကျိုး ပေးတယ်လို့ ဆိုရမှာပါပဲ”လို့ သူရိယက ပြောပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here