သဘင်လူကူ(ဗဟို)အနေနဲ့ ရန်ပုံငွေပွဲ ပြုလုပ်ရန် အစီအစဉ်ရှိ

0
265

tabin2
သဘင်လူမှုကူညီစောင့်ရှောက်ရေး (ဗဟို)အနေနဲ့ သဘင်လောကသားများအား ကူညီထောက်ပံ့နိုင်ဖို့အတွက် ရန်ပုံငွေဖျော်ဖြေပွဲတစ်ပွဲကို ပြုလုပ်သွားဖို့အစီစဉ်ရှိကြောင်း သိရပါတယ်။ဒီဖျော်ဖြေပွဲကိုတော့ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)ရဲ့ လမ်းညွှန် မှုတွေနဲ့အတူ လုပ်ဆောင်သွားမှာဖြစ်ပြီး သဘင်လူကူ (ဗဟို)ကနေလုပ်ဆောင်မှာဖြစ်တဲ့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ သဘင်ပညာရှင်များကလည်း အားလုံးပါဝင်မှသာ ဖြစ်မှာဖြစ်တာကြောင့် အားလုံးအဆင်ပြေတဲ့ အချိန်ကျရင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သဘင်လူမှုကူညီစောင့် ရှောက်ရေး (ဗဟို) အတွင်းရေးမှူး တင်ဇာမိုးဝင်းက ပြော ပါတယ်။

လက်ရှိမှာတော့သဘင်လူမှုကူညီစောင့်ရှောက်ရေးအနေနဲ့ သဘင်လောကသား များရဲ့ နာရေးနဲ့ ကျန်းမာရေးကို ကူညီထောက်ပံ့လျက်ရှိပြီး ပညာရေးပိုင်းကိုလည်း ဆက် လက် ထောက်ပံ့သွားဖို့ရှိပါကြောင်းလည်း သိရပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်တန်းစာမေး ပွဲမှာလည်း သဘင်ပညာရှင်များရဲ့ သားသမီးများက ဂုဏ်ထူးများစွာနဲ့အတူ ထူးချွန်စွာ အောင် မြင်ခဲ့ကြပါတယ်။ ဒီလိုထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ လူငယ်တွေကိုလည်း သဘင်အစည်းအရုံး (ဗဟို)နဲ့ သဘင်လူမှုကူညီစောင့်ရှောက်ရေးတို့မှ ဂုဏ်ပြုချီးမြှင့်သွားဖို့လည်း ရှိနေပါတယ်။

“ပညာတတ်တွေ ထွန်းကားလာတော့ သဘင်အနေနဲ့တောင် မဟုတ်ဘဲ နိုင်ငံအတွက် ကောင်းတာပေါ့။ သဘင်အနေနဲ့ကတော့ သူတို့လေးတွေက သဘင်ကိုဝါသနာပါရင် သူတို့ ကိုလည်း ပိုပြီးတော့အားကိုးလို့ရမယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်လာတယ် ဆိုရင်လည်း နိုင်ငံအတွက်ကောင်းသလို သဘင်အတွက်လည်း ဂုဏ်ရှိတာပေါ့” လို့ သူက ထပ်လောင်းပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here