ဇာတ်သဘင် ရာသီစတင်တာနဲ့ မောင်နှမ၃ယောက်ရဲ့ မြိုင်ဆိုင်တဲ့ အကအလှတွေနဲ့ ပွဲထွက်လာမယ့် စံပြသဘင်

0
168

tabin3

စံပြသဘင်က ဒီနှစ် ဇာတ်သဘင်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင် နေပါပြီ။ ဇာတ်သဘင်ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ဖျော်ဖြေမှုအသစ်များကို တင် ဆက်ဖို့အတွက် အကြိုတီးလုံး ဇာတ်တိုက်မှုကတော့ ဒီလအတွင်းမှာပဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ဇာတ်အတွင်း ဝါဆိုသင်္ကန်းကပ်အလှူကိုလည်း ဇူလိုင်၁ဝရက် နေ့မှာ ပြုလုပ်သွားမှာပါ။ ဒီနှစ်မှာလည်း စံပြသဘင်အနေနဲ့ အသစ်အသစ်သော တင်ဆက်မှုတွေကို ဖျော်ဖြေသွားမှာဖြစ်ပြီး မောင်နှမ၃ ယောက်ရဲ့ အတွဲညီညီ ဖျော်ဖြေ တင်ဆက်မှုတွေကော၊ တစ်ဦးချင်းစီရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုပါ ပရိသတ်တွေ အနေနဲ့ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

“ဒီနှစ်ကတော့ အော်ပရာနဲ့ နောက်ပိုင်းဇာတ်တော်ကြီးပေါ့။ အစ်မတို့အဘိုးတွေ ကပြခဲ့တဲ့ ကဇာတ်ကြီးတွေကို ကပြဖို့တော့စီစဉ်နေပါတယ်။ အစ်မတို့ မောင်နှမ၃ ယောက်လည်းဖြစ်မယ်။ တစ်ယောက်ချင်းစီလည်းဖြစ်မယ်ပေါ့။ အဓိကတော့ မြန်မာ မှုတွေကိုပြန်ပြီး ဖော်ထုတ်ဖို့ပေါ့။ အဲဒါကတော့ အဓိကပါပဲ”လို့ စံပြသဘင်မှ တင်ဇာ မိုးဝင်းက ဒီနှစ်မှာ တင်ဆက်ကပြသွားမယ့် အကြောင်းအရာတွေနဲ့ပတ်သက်လို့ ပြောပါ တယ်။

သြဂုတ်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ အမရပူရမြို့နယ်၊ ရတနာ့ဂူဘုရားပွဲ၊ သြဂုတ်လ ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိ မင်းကွန်း၊ စက်တင်ဘာလ ၃ ရက်နေ့ မှ ၆ရက်နေ့အထိ မြောင်မြို့နယ်ဘုရားပွဲတော်တို့မှာ ကပြသွားမှာဖြစ်ပြီး စစ်ကိုင်းနဲ့ မန္တလေးကျောက်တော်ကြီးမှာလည်း ကပြသွားဖို့ စီစဉ်နေကြောင်းသိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here