အိပ်မက်ဆုံရာ(ရာသက်ပန်) Season -5 မှာ ပရိသတ် အားပေးမှုအများဆုံးနဲ့ ဒိုင်တွေ အကြိုက်တွေ့ခဲ့လို့ Winner ဆုကို ရရှိခဲ့သူကတော့ မိုးသောက်ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အင်းမမြို့က လာရောက်ပြီး ဒီအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့Winner ဆုကို ရရှိဖို့ ကြိုးစားခဲ့ရတာနဲ့ ပတ်သက်ပြီး…
“ကျွန်တော်ကတော့ မွေးကတည်းက အနုပညာပါရမီ ပါတယ်။ နောက်ပြီး ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ လေ့လာဖြစ်တယ်။ ကိုယ့်ထက်သိတဲ့ ဆရာတွေဆီမှာ လေ့လာသင် ယူပြီးမှ ဒီပြိုင်ပွဲကြီးကို ဝင်ပြိုင်ဖြစ်တာပါ။ ဒီပြိုင်ပွဲဝင်ပြိုင်တဲ့အချိန်မှာ သီချင်းတွေအများကြီး လေ့ကျင့်ခဲ့တယ်။ ဆရာတွေဆိုလည်း အများကြီးသင်ပြပေးတယ်။ ပရိသတ်တွေ Voting ပေးလို့လည်း ဒီဆုကိုရရှိခဲ့တာပါ။ ပရိသတ်ကိုအများကြီး ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။သူ့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့အနုပညာကို ပရိသတ်ဆီ ချပြနိုင်ဖို့ တေးစီးရီးစီစဉ်တော့မှာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တေးစီးရီးအခွေနဲ့ ပတ်သက်ပြီး ………………
“ရှေ့လျှောက်ပြီး အလုပ်တွေလည်းလုပ်ချင်ပါတယ်။ ပရိသတ်အတွက်သီချင်းတွေ အများကြီးဆိုချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေလည်း အများ ကြီးရှိတယ်။ တေးစီးရီးကတော့ ဆရာဦးမြင့်မိုးအောင်နဲ့တိုင်ပင်ပြီး လုပ်ဖြစ်မှာပါ။ ပရိသတ် တွေ ကတော့ အမြန်ဆုံးလုပ်ခိုင်းနေတယ်။ ကျွန်တော်လည်း အမြန်ဆုံးလုပ်မှာပါ။ တေးစီး ရီးမှာ သူငယ်ချင်းတစ်ယောက် (သို့မဟုတ်) နှစ်ယောက် လောက်တော့ပါမှာပါ။ နောက်ပိုင်း ကျမှ တစ်ကိုယ်တော်အခွေလုပ်ဖြစ်မှာပါ။ ကျွန်တော်က POP သီချင်းတွေဆိုရတာ အားသန်တယ်။ ကိုယ်တိုင်လည်း အဲဒီလိုသီချင်းတွေရေး ဖြစ်ပါတယ်။ စီးရီးခွေထွက်ရှိလာရင် ပရိသတ်တွေလည်း ကျွန်တော့်သီချင်းတွေကို ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဇော်ဝင်းအောင်