ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ‘သူငယ်ချင်း ယောက္ခမ ၂ ‘

0
285

Friend

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတဲ့ ‘သူငယ်ချင်း ယောက္ခမ ၂’ ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၄ ရက်နေ့မှစပြီး ရုံတင်ပြသမှာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ လွင်မိုး၊ ကျော်ရဲအောင်၊ မင်းဦး၊ ကောင်းပြည့်၊ စိုးမြတ်နန္ဒာ၊ ခိုင်သင်းကြည်၊ မိုးဟေကိုနဲ့ ဖူးပွင့်သခင်တို့ ပါဝင်သရုပ်ဆောင်ထား ပါတယ်။ သူငယ်ချင်းယောက္ခမတွေရဲ့ ဟာသဇာတ်ရုပ်ကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦးက)က “သူငယ်ချင်းယောက္ခမ ၃ တော့ ဆက်မသွားတော့ပါဘူး။ ဒီဇာတ်လေးကို ပြန်ကြည့်ဖြစ်တော့ အားရမှုတော့ရှိပါတယ်။ ဒါပေမဲ့ ရုံတင်ပြသဖို့ နှစ်နည်းနည်းကြာသွားတော့ Date အောက်တဲ့ အစိတ်အပိုင်းလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးက သူတို့ သရုပ်ဆောင်မှုတွေ ဖုံးသွားတော့ သိပ်မသိသာပါဘူး” လို့ ပြောပါတယ်။ ‘သူငယ်ချင်း ယောက္ခမ ၂’ အထူးပြပွဲကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၇ နာရီ အချိန်က သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ပြသခဲ့ပါတယ်။

 ချယ်ရီ 


LEAVE A REPLY

Please enter your comment!
Please enter your name here