အရင်တုန်းကအေးမြတ်သူက Do or Die ပဲ

0
142

 

ayemyatthu

ဇွန်လမှာ အသက် ၃၁နှစ် ပြည့်ပြီး ၃၂နှစ်ထဲ ရောက်ရှိလာ ပြီဖြစ်တဲ့ သရုပ်ဆောင်အေးမြတ်သူက အသက်အရွယ်ကြီးလာတာနဲ့အမျှ အရာရာမှာ ပိုပြီးလေးနက်မှု ရှိလာတယ်လို့ ဆိုပါတယ်။

“အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးတော့သေချာလာတယ်။ ယောင်ဝါး လုပ် လို့မရဘူးဆိုတာ ပိုသိလာတယ်။ ဘဝမှာယောင်တဲ့ အချိန်လည်း တော်တော် ယောင်ပြီးသွားပြီ။ အသက်၂ဝကျော်တုန်းက တော်တော်ယောင်ခဲ့တာပေါ့နော်။ အခု အချိန်မှာ ယောင်လို့မရတော့ဘူး။ ကိုယ် အသက် တစ်ခု၊ အရွယ်တစ်ခုရလာပြီ။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာပိုင်းရော၊ ကိုယ့်ရဲ့နေမှုထိုင်မှု၊ အလုပ်အပေါ်တာဝန်ယူမှုတွေက အစ အရင် ထက်စာရင် ပိုပြီး Serious ဖြစ်လာတယ်လို့ ခံစားရတယ်။ နည်းနည်းပိုလေးလာသလို ခံစားရတယ်။ အရင်တုန်းက တအားပေါ့တယ်။ တစ်ခုခုဆိုတွေဝေတာ၊ စဉ်းစားတာတွေ ရှိ လာတယ်။ အမှားနည်းချင်လို့ ရှောင်ရင်းရှောင် ရင်းနဲ့ လူက နည်းနည်းလေးလာတယ်။ အရင်တုန်းကဆို အေးမြတ်သူက Do or Die ပဲ။ ကျန်တာတွေ သိပ်စိတ် မဝင်စားဘူး။ ဘာမှဂရုမစိုက်ဘူး။ အခုအဲဒီလို မဟုတ်တော့ဘူး။ ဒါတွေ က တစ်ချိန်မှာ ငါ့ရဲ့သမိုင်း ဖြစ်သွား မယ်။ ငါ့ရဲ့ အတိတ်တွေကကောင်း ရမယ်ဆိုတဲ့ စိတ်တွေပိုပြီး ဝင်လာ တယ်။ အဲဒီအတွက် အလုပ် လုပ်တဲ့ နေရာမှာ ပိုပြီး စိစစ်လာတယ်။ ဟာသဇာတ်ကားလည်း ရိုက်တယ်။ အက်ရှင်ဇာတ်ကားလည်း ရိုက်ပါ တယ်။ အဲဒီအလုပ်အပေါ်မှာ ကိုယ့် ရဲ့ တာဝန်ယူမှု စိတ်စွမ်းအင်က ပို ထည့်ရမယ်ဆိုတာ ပိုသိလာတယ်။ တစ်ခုခု ရလဒ်ဆိုးမှာကို လက်မခံချင် တော့ဘူး။ မဆိုးအောင် ကိုယ့်ဘက် က ပိုပြီးအားစိုက်ချင်လာတယ်” လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ တီဗီ ကြော် ငြာတွေ ပိုရိုက်ကူးဖြစ်နေ တယ်လို့ ဆိုတဲ့ အေးမြတ်သူက ရုပ်သံ ဇာတ်လမ်းတွဲတစ်ခု ရိုက် ကူးဖို့ရှိသလို ရုပ်ရှင်ဇာတ်ကားတွေ လည်း ရိုက်ကူး ဖို့လက်ခံထား ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here