အက်ရှင်ဇာတ်ကား ရိုက်ရတာ စိတ်ဝင်စားတဲ့ ဝင့်ယမုံလှိုင်

0
221

wym

ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ သရုပ်ဆောင် ဝင့်ယမုံလှိုင်က အခုနောက်ပိုင်းမှာတော့ ဇာတ်လမ်းကာရိုက်တာလေး အပြောင်းအလဲလေးဖြစ်အောင် ရိုက်ကူးချင်နေကြောင်း ဆိုပါတယ်။ ဗီလိန်ဇာတ်ရုပ်တစ်ခုတည်း မဟုတ်ဘဲ အက်ရှင်ဇာတ်ကား ရိုက်ကူးရတာလည်း စိတ်ဝင်စား တယ်ဆိုတဲ့ ဝင့်ယမုံလှိုင်က ….

“ယမုံကိုဗီလိန်ဇာတ်ရုပ်နဲ့ပဲ လိုက်တယ်။ ကျန်တဲ့ဇာတ်ရုပ်နဲ့ မလိုက်ဘူးလို့ တစ်အားပြောကြတယ်။ ဒါပေမဲ့ တချို့ယမုံရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း စောင့်ကြည့်နေတဲ့ ပရိသတ်တွေကလည်း ပြောင်းရိုက်စေချင်ကြတယ်။ ယမုံ လည်း အပြောင်းအလဲလေးဖြစ်အောင် ရိုက်ကူးချင်ပါတယ်။ အရမ်း မိန်းမဆန်တဲ့ ဇာတ်ရုပ်လို့လည်း ယမုံမဆိုလိုပါဘူး။ ဇာတ်အမာကိုမှ တခြား မတူတဲ့ ဗီလိန်မဟုတ်ဘဲ တခြားအမျိုးအစား လုပ်လို့ရတယ်။ အဲဒီလိုမျိုး မတူတဲ့ ဇာတ်ကောင်မျိုးရှိရင် ယမုံလုပ်ကြည့်ချင်ပါတယ်။ ယမုံက အက်ရှင်ဇာတ်ကား ရိုက်ကူးရတာ အရမ်းစိတ်ဝင်စားပါတယ်”လို့ ပြောပါတယ်။

ဇာတ်လမ်းကာရိုက်တာကို ပြောင်းပြီး ရိုက်ကူးချင်ပေမယ့်လည်း အသစ် တစ်ယောက်ဖြစ်သေးတဲ့အတွက်ဇာတ်ကောင်ရွေးလို့မရတဲ့ အနေအထား မဟုတ်သေးကြောင်း ဝင့်ယမုံလှိုင်ကပြောပါတယ်။ “ဇာတ်ကောင် ရွေးတာ ယမုံမှာလုံးဝမရှိပါဘူး။ ယမုံအနေနဲ့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ အကောင်းဆုံး လက်ခံပြီး ရိုက်ကူးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အနေအထားက ရွေးလို့ရတဲ့ အနေအထားလည်း မဟုတ်သေးဘူး။ လူသစ်တစ်ယောက် ဖြစ်သေးတဲ့အတွက် ဒီထက်ပိုသင်ယူကြိုးစားရဦးမယ်။ ဒါပေမဲ့တစ်ခုပဲ၊ ယမုံ အချိန်လေးတွေ အရမ်းညှိယူနေရပါတယ်”လို့ ပြောပါတယ်။

သြဂုတ်လထဲမှာ MRTV-4 က ရိုက်ကူးမယ့် သရဲဟာသဇာတ်လမ်း တွဲကို ထိုင်းဒါရိုက်တာနဲ့ ရိုက်ကူးဖို့ရှိတဲ့ ဝင့်ယမုံလှိုင်က ဇာတ်လမ်းတွဲရိုက်ကူးတဲ့ အချိန်မှာ တခြားအနုပညာ အလုပ်တွေဝင်လာရင်လည်း လက်လွှတ်ခဲ့ရ ကြောင်းပြောပါတယ်။ “ဇာတ်လမ်းတွဲ ရိုက်ကူးတာက အချိန်တော်တော် ပေးရပါတယ်။ အဲဒီ အချိန်မှာ ကားရိုက်မပြောနဲ့ တစ်ရက်တည်း ကြော်ငြာ ရိုက်ရှိခဲ့ရင်တောင် ဒီဘက်က Schedule နဲ့ အရမ်း ငြိနေ တဲ့ အခါကျတော့ အရမ်းကို အဆင်မပြေ တာ တွေရှိပါတယ်။ တော်တော်များများ လွှတ်လိုက် ရပါတယ်”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ – ဥာဏ


LEAVE A REPLY

Please enter your comment!
Please enter your name here