နောက်ဖေးလမ်းကြား ဥယျာဉ်များ ဆက်လက် လုပ်ဆောင်မည်

0
93

‘ဒို့အိမ်’ ပရော့ဂျက်အနေနဲ့ လုပ်ဆောင်နေတဲ့ ရန်ကုန်မြို့နောက်ဖေးလမ်းကြားဥယျာဉ်များကို ၂၇ လမ်းနဲ့ ၃၁ လမ်းတို့မှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပန်းပဲတန်း မြို့နယ်မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောပါတယ်။

“ပထမဆုံး ဥယျာဉ် လုပ်ထား တဲ့ ၂၇ လမ်း အောက်ဘလောက်က ကျန်နေတဲ့ အခြမ်းကို ဆက်လုပ်သွား မယ်။ အစက ပေ ၁ဝဝ လောက်ပဲလုပ်ထားတာလေ။ နောက် ၃၁ လမ်းနဲ့ဗိုလ်ဆွန်ပက် လမ်းကြားကို လည်း နောက်ဖေးလမ်းကြားဥယျာဉ်အဖြစ်ဖော်ဆောင်သွားပါမယ်”လို့ သူကပြောပါတယ်။

အနားယူ ဆော့ကစားချင်စရာဖြစ်အောင် ဥယျာဉ်အသွင်နံရံဆေးရေးပန်းချီများ၊ ဂရပ်ဖတီရေး ဆွဲမှုများ၊ ပန်းပင်များ၊ ဖတ်စရာ စာကြည့်တိုက်ငယ်နဲ့ အားကစား ပစ္စည်းများပါထားရှိပေးထားတဲ့ နောက်ဖေး လမ်းကြားဥယျာဉ်တွေကို ‘ဒို့အိမ်’အဖွဲ့နဲ့ ရပ်ကွက်ပြည်သူများကပူးပေါင်းပြီးလုပ် ဆောင်ထားတာ ၃ခုရှိပြီဖြစ်ပါတယ်။ ပန်းပဲတန်းမြို့ နယ်၊ ၃၁ လမ်း လမ်းကြားက နောက်ဖေး လမ်းကြားဥယျာဉ်ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။

နောက်ဖေးလမ်းကြား ဥယျာဉ်တွေကို ပန်းချီ၊ ကာတွန်း၊ ဂရပ်ဖတီပညာရှင်များနဲ့အခြား အနုပညာရှင်များက ပူးပေါင်း ရေးဆွဲဖန်တီးထား ကြတာ လည်းဖြစ်ပါတယ်။

ဖြိုးထက်အောင်


LEAVE A REPLY

Please enter your comment!
Please enter your name here