အကယ်ဒမီဒွေး ကွယ်လွန်ပြီး ၁ဝနှစ်ကြာထိ ဇနီးဖြစ်သူ မိုးမိုး ဘယ်လို ရုန်းကန် ဖြတ်သန်းခဲ့ရသလဲ

0
161

moe

အကယ်ဒမီဒွေး ရဲ့ ဇနီးဖြစ်သူ မိုးမိုးက စင်ကာပူမှာနေထိုင်လျက် ရှိပြီး အခုရက်ပိုင်းမှာတော့ ဒွေး ကွယ်လွန်တာ ၁ဝနှစ်ပြည့်တဲ့ အထိမ်းအမှတ် အနေနဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ပြီး အမှတ်တရပွဲလေးပြုလုပ်ပေးဖို့အတွက် ရန်ကုန် မှာရောက်ရှိနေ ပါတယ်။ ဒီပွဲကိုတော့ ဇူလိုင်လ ၂၁ရက်နေ့ လှည်းတန်းစင်တာမှာ ညနေ ၄နာရီမှ ၇ နာရီအထိ ပြု လုပ်သွား မှာဖြစ်ပါတယ်။ ဒွေးအောင် မြင်ကျော်ကြားနေတဲ့ အချိန်မှာပဲ ရုတ်တရက် ကွယ်လွန်သွားတဲ့ အတွက် ပရိသတ်တွေရော၊ မိသား စု တွေရော နှမျောတသဖြစ်ခဲ့ကြ ရပါတယ်။ ဒွေးမရှိတော့တဲ့နောက် မိုးမိုးအနေနဲ့ အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အပိုင်းတွေရှိခဲ့ တယ်လို့ဆိုပါတယ်။ ဒီအကြောင်းအရာများကို ပေါ်ပြူလာအခုလို မေးမြန်းတင် ဆက်လိုက်ပါတယ်။

မေး။ ။ ကိုသားကြီးက အောင်မြင်မှု အရှိန် ကောင်းနေတဲ့ အချိန် မှာကွယ်လွန် သွားခဲ့ တာပေါ့နော်။ ကိုသား ကြီး ကွယ်လွန် ပြီးတဲ့ နောက်ပိုင်းမှာ အစ်မ အတွက်ဘယ်လို ပြောင်းလဲမှုတွေ ကြုံတွေ့ရလဲ။

ဖြေ။ ။ဘာတွေ ပြောင်းလဲသွား လဲဆို အကုန် ပြောင်းလဲ သွား တယ်။ နံပါတ် တစ်-လူတွေ ခုနက အစ်မ ပြောတဲ့ လူတွေ အားလုံးပြောင်းလဲ သွား တယ်။ စိတ် တွေရဲ့အမှန်ကို အစ်မ အရင် စတွေ့ရတယ်။ နံပါတ်နှစ်- ကားတစ်စီးနဲ့ ယှဉ်ပြီး နှိုင်း ပြောရင် အရှိန်ပြင်းပြင်း နဲ့မောင်း လာတဲ့ ကားတစ်စီး က အဆင်းလေးမှာ ဘရိတ် ဆောင့်အုပ်လိုက် သလိုပဲ။ အစ်မလဲကျ မသွားအောင် တော် တော်လေး ထိန်းရတယ်။ မိန်းမ တစ်ယောက်ရဲ့အားနဲ့ ရပ်တည် လာရတယ်။ အစ်မအခု သမီးလေး တစ်ယောက်၊ သားလေး တစ်ယောက် မမွေးဘဲနဲ့ အလကား ရထားတာ ပေါ့နော်။ သူတို့က အစ်မအတွက် အဖော်ဖြစ်သွားတယ်။ အစ်မ ဒီကလေးနှစ်ယောက် ကိုလည်း ပညာ တတ်စေချင်တယ်။ အဲဒီ အတွက် ကြောင့် အစ်မရုန်းကန်ရတာ တအား ပင်ပန်းတယ်။ သူများတွေက ပြော တယ်။ အစ်ကို့ကို မေ့သွားတယ် ပေါ့။ မေ့သွားတာမဟုတ်ဘူး။ ကိုယ့် ဘာသာကိုယ်ရုန်းကန်နေတာ။ ဘယ်သူ့ အကူ အညီကိုမှ မလိုချင်ဘူး။ နောက်တစ်ခုက အစ်မအကူအညီ ပေးခဲ့ရတဲ့လူတွေရဲ့ အကူအညီကို လုံးဝမလိုချင်ဘူး။ အခုအစ်မကို ကူညီတဲ့ လူတွေအများကြီးဘဲ။ ဥပမာ- မကလျာတို့လိုမျိုးပေါ့နော်။ အစ်မပြောပြလဲ မသိတဲ့လူတွေ ရှိတယ်။ အစ်မအလုပ်လုပ်တဲ့အတွက် တစ်ခါတလေကျရင် ငွေရေးကြေးရေး အကူအညီ သေးသေးမွှားမွှား ဖြစ် သွားတယ်။ အဲဒီလိုအခါမှာလည်း အစ်မကို ယုံယုံကြည်နဲ့ ကူညီကြတဲ့ လူတွေအများကြီးပဲ။ ဒါပေမဲ့ အစ်မကူညီခဲ့တဲ့သူတွေ တစ်ယောက် မှမပါဘူး။ အဲဒါကြောင့် လူတွေ ပြောင်းလဲ သွားတယ် ဆိုတာ ကို နံပါတ်တစ်ပြောချင်တယ်။ အစ်မ ပြောင်းလဲသွားတယ်။ အစ်မ တအား ပင်ပန်းတယ်။ အစ်မအလုပ်လုပ် ရတယ်။ ပရိသတ် ကိုမေ့သွားတာ မဟုတ်သလို၊ အစ်ကို့ကိုလည်းမေ့ သွားတာမဟုတ်ဘူး။ ရှေ့ဆက် လျှောက်ရမယ့် လမ်းခရီးမှာ အခုဆို ရင် အစ်မ ဇူလိုင်လ ၁ဝရက်နေ့ကျရင် အစ်မအသက် ၅၄နှစ်ပြည့်ပြီ။ ဒီဟာ တွေချည်းပဲလုပ်နေရတာ။ တကယ် တမ်းဆိုရင် အစ်မအတွက် ဘာမှ မလုပ်ရသေးဘူး။ အခုလိုများ ဖျတ် ခနဲ သူ့လို အသေကောင်းရင် တော် သေးတယ်။ အသေ မကောင်းရင် ဘယ်လိုလုပ် ကြ မလဲ။ ဇောကပ် နေ တာလေ။ အစ်မအတွက်လည်း ရအောင်လုပ်နေရတယ်။ တစ်ခါ တလေကျရင် ပရိသတ်ကို လည်း ပြောချင်တယ်။ ပရိသတ်ကိုလည်း မမေ့ဘူး။ အစ်ကို့ကိုလည်း မမေ့ဘူး။ အစ်မမှာ ပြောင်းလဲသွားတဲ့ လောက ဓံကြီးကို ခံပြီး တိုက်နေရ တယ်။ ပြောင်းလဲမှုက တအားကြီးတယ်။ သာမန်မိန်းမတစ်ယောက် မဟုတ်တဲ့ အတွက် သူများလိုတအားချမ်းသာ တဲ့ယောကျာ်း တစ်ယောက်ရဲ့ မိန်းမ လားဆိုလည်း မဟုတ်ဘူး။ ဒါပေမဲ့ တအားအောင်မြင်တဲ့ အနုပညာရှင်ရဲ့ မိန်းမဖြစ်တဲ့အတွက် တအားလူသိ များတဲ့ အတွက် အစ်မမှာ changes တအားများတယ်။ ဖိအားတွေလည်း တအားများတယ်။ အတိုက်အခိုက် လည်း တအားများ တယ်။ လောကဓံ လည်း တအားများတယ်။ ပစ်ပြီးတော့ ဝင်လာတဲ့ အဆိုးက အများဆုံးပဲ။ အကောင်း နည်းတယ်။ အခုတစ် ရာမှာ အကောင်း တစ်ခုလောက်ပဲ ပါလာတယ်။ အဲဒါကိုတစ်ယောက် တည်း တွန်းပြီးတော့ခံနေရတယ်။ တစ်ခါတလေကျရင် ပုံတောင်လဲ သွားချင်တယ်။ မဖြစ်သေးဘူး။ ဒူးထောက်လျက် ကနေ ပုံလဲ မသွားနိုင်အောင် တော်တော်ကြိုးစား ရတယ်။ ဒီကလေးနှစ်ယောက် လူမဖြစ်သေးဘူး။ အခုဆိုရင် သားသားကျောင်းပြီးတော့မယ်။ အစ်မနည်းနည်းလေး အားရှိလာ တယ်။ သမီးလေးကို လည်း သူက မော်ဒယ်ဖြစ်ချင်တယ် ဆိုတော့ သူလေးဖြစ်သွားခဲ့ရင်လည်း အစ်မ အတွက် အားတစ်အားပဲ။ ဘာပဲဖြစ် ဖြစ် သမီးလေးဖြစ်သွားခဲ့ရင်လည်း အားပေးကြပါဦးလို့ပြောချင်ပါတယ်။

မေး။ ။အစ်မရဲ့သား ယံမိုးကရော အနုပညာကို ဝါသနာပါလား။ ဆည်းလည်းကတော့ အနုပညာ ဝါသနာပါတယ် ဆိုတော့ သူတို့ ကို အစ်မဘယ်လိုပံ့ပိုး ပေးသွားမလဲ။

ဖြေ။ ။သားသားက အင်ဂျင်နီယာ ပါ။ အခု နောက်ဆုံးနှစ်ကို ရောက် ပါပြီ။ အသက်၂၁နှစ်ရှိပြီ။ အင်ဂျင်နီ ယာကို စင်ကာပူမှာ ဘွဲ့ယူတာပေါ့။ Electrical Power ယူထားပါတယ်။ သူကအနုပညာ လုပ်ဖို့ လုံးဝစိတ် ကူးမရှိဘူး။ ပညာပဲ တတ်ချင်တယ် လို့ ပြောတာ ပေါ့နော်။ ဒါပေမဲ့ သူ ကျောင်းတက်ရင်း အလုပ်လုပ်တယ်။ သူ့ရဲ့ဟိုတယ် ကြော်ငြာကို သူဝင်ရိုက် တယ်။ အစ်မ မလိုက်ရဘူးဆိုလို့ မလိုက်သွား ရဘူးပေါ့နော်။ သူပြတဲ့ ဓာတ်ပုံလေးတော့ မြင်ရတယ်။ သူ့ ဘာသာသူ မရိုက်ချင်ဘူးလို့ သာပြော တာ။ ပိုးတော့ ရှိနေပုံတော့ ရတယ်။ သမီးလေးကတော့ အခြေခံ ကိုက ဝါသနာကိုပါတာ။ အစ်မ တတ်နိုင် သလောက်လေးပေါ့။ သူဖြစ်သွား တော့လည်း အစ်မရှာရတဲ့ အားနည်း နည်းလေး လျော့သွားတာပေါ့။ မျိုးဆက်သစ်ပဲလေ။ သူ့ကိုလည်း ဖြစ်စေချင် ပါတယ်။ ဖြစ်ဖို့ လည်း ပရိသတ်အားလိုတယ်လေ။ မီဒီယာ အားလိုတယ်။ ပရိသတ်ရော၊ မီဒီယာအားကိုရော အားကိုးရ မှာပဲ။ သူတအား လုပ်ချင်လည်း လုပ်ပေါ့။ ဒါပေမဲ့ ပညာတော့ လျှော့လို့မရဘူး။ သူလုပ်နေရင်းနဲ့မှ ပညာဘက်ကို အားသာသွားရင် တော့လည်း အစ်မဆုတောင်းလေး ပြည့်သွားတာ ပေါ့နော်။ အစ်မကတော့ မလုပ်စေ ချင်ဘူး။ဒါပေမဲ့ ကလေးတစ်ယောက် ရဲ့ ဝါသနာကို တော့ မတားချင်ဘူး ပေါ့။ အစ်မ တတ်နိုင်သလောက်ပံ့ပိုး မယ်။ သူ့ကို လည်းပြောထားတယ်။ ပညာတတ်ကို တတ်ရမယ်။ လက်မှု ပညာတစ်ခု တတ်ရမယ်။ အနုပညာ ဆိုတာ အသက်ကြီးလာရင် လုပ်စား လို့မရဘူး။ မိန်းကလေးဖြစ်တဲ့ အတွက် ပိုဆိုးတယ်။ ရုပ်ကလေးနဲ့ လုပ်စား ရတာလေ။ ပညာတတ်ရင်၊ လက်မှုပညာတတ်ရင် တစ်ချိန်မှာ အိမ်ထောင်ပြုရင် ရှင်းရှင်းပြောရရင် ယောကျာ်းတစ်ယောက်ကို အားမကိုး စေချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် အား ကိုးနိုင်တဲ့မိန်းမ တစ်ယောက်ဖြစ်စေ ချင်တယ်။ အစ်မဆိုရင် အကုန်လုံး တတ်ထားခဲ့တဲ့ အတွက် အခုအစ်ကို မရှိလည်း ကြိုးစားရတယ်ဆိုပေမယ့်၊ အစ်မယိုင်ထိုးမသွားဘူး။ အစ်မ လက်မှုပညာတတ်တယ်။ ပညာအား ဖြင့် အထိုက်အလျောက် တတ်တယ်။ သူတို့ဆို အစ်မထက်အများကြီးသာ တယ်။ ပညာဆို အကောင်းဆုံးဖြစ် အောင် အစ်မမလုပ်နိုင်ခဲ့တဲ့၊ မသင် နိုင်ခဲ့တဲ့ ပညာကို သင်ပေးထားတဲ့ အတွက် သူ့ကိုလည်း ဒီလမ်းကြောင်း ပေါ်ပဲတည်ပေးမှာ။ ဘယ်ယောကျာ်း ကိုမှ အားကိုးစရာ မလိုအောင်လေ။ ယောက်ျားယူလည်း ယူပေါ့။ ကိုယ့် ခြေကိုယ့်လက်၊ ကိုယ့်ထမင်းကိုယ် ရှာစားတတ်တဲ့ မိန်းကလေး ဖြစ် စေချင်တယ်။ တန်ဖိုးရှိတဲ့မိန်းကလေး ဖြစ်စေချင်တဲ့အတွက် သူ့ကိုပညာ တော့ အရင်ဆုံးတတ်အောင်သင်ပေး မယ်။

ဆက်လက်ဖော်ပြပါမည်။
ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here