၁ဝ နှစ်ကျော်ကြာ အခွေ မထွက်ဖြစ်ခဲ့တဲ့ မြေပဲယို အဖွဲ့ အခွေထွက်ဖို့ ရှိကြောင်း မင်းမော်ကွန်း ပြော

0
218

Min-Maw-Kun၂ဝဝဝပြည့်နှစ် ကာလများ ဆီက ပရိသတ် အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ မြေပဲယို အဖွဲ့ကို သရုပ်ဆောင်၊ အဆိုတော် မင်းမော်ကွန်း က ပြည်လည် အသက် သွင်းတော့မှာပါ။ ပြန်လည် အသက် သွင်းတော့မယ့် အကြောင်း ကတော့ မြေပဲယိုအဖွဲ့ရဲ့ Single Album ထွက် ရှိတော့မယ် အကြောင်း ပဲဖြစ်ပါတယ်။ ဒီအခွေမှာ တော့ သီချင်းပုဒ်ရေ ၈ပုဒ် ပါဝင်မှာဖြစ်ပြီး သူကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းအများစု ပါဝင်မှာ ဖြစ်ကြောင်းကို မင်းမော်ကွန်းက

“ကျွန်တော် ရေးတာက များပါတယ်။ ကိုမောင်ရေးတာ တစ်ပုဒ်ပါမယ်။ ကျားပေါက်ရေး တာ တစ်ပုဒ်ပါမယ်။ ကျွန်တော့် ညီရေးတာ တစ်ပုဒ်ပါမယ်။ သီချင်းတွေကတော့ သီချင်း အသစ်တွေပါ။ ကျွန်တော် ရေးထားပြီး မထည့်ဖြစ်သေးတဲ့ စုထားတဲ့ သီချင်းတွေရှိတယ်။ အဲဒီထဲကနေ ကျွန်တော်တို့ သွားချင်တဲ့ လိုင်းတစ်ခုနဲ့ ကိုက်ညီတဲ့ သီချင်းတွေကို ရွေးထုတ်ပြီး တော့ ကိုယ်ရေးထားတာတွေရော၊ သူများရေးထားတွေကိုပါ ပေါင်းပြီး လုပ်ထားပါတယ်။ သီချင်း အားလုံး ကတော့ Alternativeအမျိုးအစား အပေါ်မှာပဲ အခြေခံပြီးတော့ သွားပါတယ်။ အတီးပိုင်း ကတော့ ပြီးသလောက် ရှိသွားပြီ။ ကျွန်တော်တို့ ဆိုမယ်။ ပြီးတော့ တစ်ခါတည်း VCD ရိုက်ပြီးတော့မှ ဒီနှစ်ထဲလောက်တော့ ထွက်နိုင်အောင် ကြိုးစားနေ ပါတယ်” လို့ ထွက်ရှိလာတော့မယ့် အခွေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

ဒီအခွေဟာ ဆိုရင် မြေပဲယို အဖွဲ့အနေနဲ့ ၁ဝနှစ်တာ ကြာမြင့်ပြီးမှ ထပ်မံပြန်လည် ထွက်ရှိလာမယ့် အခွေဖြစ်ပါတယ်။ အဲဒီတော့ ၁ဝ နှစ်တာအကြာမှ ပြန်လည်ဖန်တီးတဲ့ အခွေရဲ့ ကွာခြားမှု၊ ပြောင်းလဲမှုတွေကိုတော့ မင်းမော်ကွန်း က အခုလို ပြောပြပါတယ်။

“အဓိကကတော့ ကျော်သူစိုးက မအားတဲ့အတွက် သိပ်မပါဖြစ်တော့ သီချင်းပုံစံ တွေက နည်းနည်း ပြောင်းသွားတယ်။ သူကတော့ တစ်ပုဒ်စ၊ နှစ်ပုဒ်စလောက်တော့ ပါမယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခုအချိန်ထိ မလာသေးဘူး။ အဲဒီတော့ နည်းနည်းတော့ ပြောင်း သွားမယ်ပေါ့နော်။ ဒါပေမဲ့လည်း အခုက ကျွန်တော်တို့ အဓိက သွားချင်တဲ့ Trend  ကို ပိုပြီးတော့ ရောက်ပါတယ်။ အခု ကျွန်တော်တို့ဖြစ်နေတဲ့ စိတ် အနေအထား အရလည်း ကျွန်တော်တို့ သွားချင်တဲ့၊ ကျွန်တော်တို့ ရပ်တည်ချင်တဲ့ တစ်ခုကို ခိုင်ခိုင်မာမာ ရပ်တည်ထားတယ်။ အဲဒီတော့ မြေပဲယို အဖွဲ့ ပရိသတ်တွေဆီ ပြန်လာခဲ့ ပါဦးမယ်။ အားပေးကြပါဦး” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here