ပရိတ်သတ်တွေမုန်းသွားမှာ စိုးရိမ်နေတဲ့ နေအဉ္ဇရာ

0
174

Nay-ISara

ဇာတ်လမ်းတွဲတော်တော်များများမှာ တွေ့ရလေ့ရှိ တဲ့ နေအဉ္ဇရာက အခုတစ်ခါမှာလည်း ဇာတ်လမ်းတွဲ အသစ်တစ်ခုကို ပုပ္ပားမှာ ထပ်မံ ရိုက်ကူးလျက်ရှိပါတယ်။

‘ပဉ္စလက်ရွာ’လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်း တွဲမှာ အောင်မင်းခန့်၊ သူရိယ၊ နန်းစန္ဒာလှထွန်း တို့နဲ့အတူ နေအဉ္ဇရာက မောက်မာတဲ့ သူကြီးသမီး ‘စိမ်းဝါ’ နေရာက ပါဝင်ထားတယ်လို့ သိရပါတယ်။ တစ်ဖက်သတ်ဆန်တဲ့ကာရိုက်တာမှာ ပါဝင်ရတာ က နေအဉ္ဇရာ အတွက်တော့ ပထမဆုံးပါပဲလို့ ဆိုပါတယ်။ မောက်မာတဲ့ ကာရိုက်တာကြောင့် ပရိသတ်တွေ မုန်းမသွားစေချင်တဲ့ နေအဉ္ဇ ရာက “ဒီဇာတ်ကား မှာ စကားပြော တာက အစ သေသေချာချာလေး ပြင်ဆင်ရတယ်။ မောက်မာရိုင်းစိုင်းတဲ့ မိန်းကလေးတစ် ယောက် ကာရိုက်တာ ပီပြင်ဖို့ အိမ်မှာ မှန်ကြည့်ပြီး “ရှင်တို့တွေကို သနတယ်၊ ရွံ့တယ်၊ ကောင်မ” ဆိုတာတွေကို လေ့ကျင့်ရတယ်။ ပရိသတ် ကလည်း ဒီဇာတ်ကားလေးပြရင် ဘယ်လို တုံ့ပြန်မလဲ ဆိုပြီးလည်း စိတ်လှုပ် ရှားနေပါတယ်။ အနည်းနဲ့အများ ကတော့ ဝေဖန်မှုတွေ ရှိမှာပါ။ အဲဒီအတွက်လည်း အခုက တည်းက စိုးရိမ်မိတယ်။ ပဉ္စ လက်ဆန်တဲ့ရွာဆိုတော့ အဝတ်အစားတွေ ကလည်း ခေတ် အလိုက် လိုမျိုး ဝတ်စရာမလိုဘဲ မြန်မာ ဝတ်စုံဆိုရင် အဆင်ပြေ တယ်။ ဒါကြောင့်နေ နေက ပရိသတ်တွေကို ကြိုပြီး ပြောပြချင် တာကတော့ ဒီဇာတ်ကားထဲမှာ ဘယ်ခေတ်ရယ် ဆိုပြီး မဖော်ပြထားတာလေးကို သိစေချင်ပါတယ်။ ဂမ္ဘီရဆန်တဲ့ရသကိုတော့ ပရိသတ်တွေ ကို ပေးစွမ်းမှာပါ။ နေနေရဲ့ ကြိုးစား အားထုတ်မှုလေးကို ကြည့်ပြီး လူဆိုး ကြီးဆိုပြီး မုန်းမသွားဘဲ အားပေးစေချင်ပါ တယ်”လို့ ပြောပါတယ်။

‘ပဉ္စလက်ရွာ’ ဇာတ်လမ်းတွဲကတော့ စက်တင်ဘာလလယ်မှာ စတင်ပြသသွား မယ်လို့ သိရပါတယ်။ နေအဉ္ဇရာက ဇာတ်လမ်းတွဲ အပြင် နောက်ထပ် လည်း ‘ငါတို့ရဲ့ကျူး’ဇာတ်ကားမှာ မင်းသားသစ်မိုးကောင်းနဲ့အတူ ရိုက် ကူးနေပါတယ်။ ကျူးကျော်ရပ်ကွက် က သဘာဝပတ်ဝန်းကျင်နေနဲ့ အတူ ဟာသရောထားတဲ့ ဒရာမာဇာတ် ကားအမျိုးအစားဖြစ်ပါ တယ်။ ဗိုက် ကြီးသည် အရူးမလေးပုံစံ အကြောင်း ကိုတော့…

“ဗိုက်နေရာလေးနည်း နည်းတော့ လွဲနေတယ်။ အရူးပုံစံလေးဆိုပေမယ့် ရူးဆိုတော့လွှတ်ပြီး တော့ ရူးလိုက်တာပါပဲ။ တစ်ခါမှ မလုပ်ဖူး တော့ မျက်လုံးအိုက် တင်လေးတွေလို အပ်နေဦးမှာပါ။ ပါးစပ်က ပြောနေ ပေမယ့် မျက်လုံး က မရူးမှာဘဲ စိုးရိမ်မိ ပါတယ်။ ညီမ ဗီဒီယို လေးတွေလည်း ကာရိုက်တာ မတူအောင် ကြိုးစားထားတယ်။ ထပ်ပြီးတော့လည်း ဇာတ်ကားတွေ ဆက်တိုက် ထွက်လာဦး မှာပါ”လို့ နေ အဉ္ဇရာက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here