Pharrell Williams မှာ လျှို့ဝှက်ချက်ကြီးကြီးမား မားရှိနေပုံပါပဲ။ သူဟာ သီချင်းသစ်နှစ်ပုဒ်ကို ဖန်တီး နေကာ တစ်ပုဒ်က Ariana Grande ဖြစ်ပြီး တစ်ပုဒ်က Justin Timberlake အတွက်လို့သိရပါတယ်။ Today အင်တာဗျူးမှာတော့ Williams က သူအခုလုပ်နေတဲ့ အလုပ်တွေကို ပြောပြခဲ့ပါတယ်။
သူဟာ Grande အတွက် သီချင်းရေးပေးရတော့ အရမ်းကို ဂုဏ်ယူမိတယ်လို့ ထည့်သွင်း ပြောပြခဲ့ပါတယ်။ Williams ဟာ သီချင်းတွေ ဖန်တီးနေတဲ့အပြင် The Voice ဒိုင်အဖြစ် ပြန်လည်ပါဝင်မှာ ဖြစ်တာ ကြောင့် သူရဲ့အချိန်တွေက စတူဒီယို အခန်းထဲမှာပဲ ကုန်ဆုံးတော့မှာပါ။