ပြိုင်ပွဲတွေ ပြိုင်ဖြစ်တော့မှာ မဟုတ်ကြောင်း ထက်အိမ် (အိပ်မက်ဆုံရာ) ပြော

0
217

Htet-Eaint

အိမ်မက်ဆုံရာ (ရာသက်ပန်) Season-5  မှာ 1st Runner Up စ ရရှိခဲ့တဲ့ ထက်အိမ်ကတော့ နောက် ထပ်ပြိုင်ပွဲတွေ ဝင်ပြိုင်တော့မှာ မဟုတ်ဘဲ အနုပညာ လမ်းကြောင်းပေါ် ကြိုးစားလျှောက်လှမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ သူကတော့ အခုလက်ရှိမှာ ပရိသတ်တောင်းဆိုမှုနဲ့အတူ တေးစီးရီးထွက်ရှိဖို့လည်း စီစဉ်နေပါတယ်။ တေးစီးရီးနဲ့ ပတ်သက်ပြီး…

“တေးစီးရီးကတော့ စလုပ်နေပါပြီ။ ဆရာ စောခူဆဲဦးစီးပြီးလုပ်တာပါ။ ကျွန်တော်နဲ့ အတူ ကောင်းထက်၊ မြှားထက် နဲ့ ကိုဇာနည်ပါမယ်။  သူငယ်ချင်း လေးယောက်ပေါင်းပြီး လုပ်တာပါ။ သီချင်းမျိုးအစားတွေကတော့ မျိုးစုံ ဖြစ်မယ်။ ပရိသတ်လက်ခံလောက်တဲ့အထိ ကြိုးစား ဆိုသွားမှာပါ။ ကျွန်တော်ကတော့ POP သီချင်း တွေဆိုရတာ အားသန်တယ်။ ဘယ်တော့လောက် ထွက်ဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး”လို့ ပြောခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ သူ့အနေနဲ့  1st Runner Up စ ရ ရှိခဲ့တာနဲ့ Finalist 4 ယောက်ထဲပါဖို့ ကြိုးစားရတဲ့ အပိုင်းနဲ့ ပတ်သက်ပြီးလည်း အခု လို ပြောပြခဲ့ပါ တယ်။ “1st Runner Up စ ရခဲ့တဲ့အတွက် ပျော်ပါ တယ်။ ဘာပဲရရကျွန်တော်က လက်ခံဖို့ပြင်ဆင်ပြီး သားပါ။ မိဘနဲ့ဆွေမျိုးတွေ ပရိသတ်တွေအတွက် တော့ ဝမ်းနည်းမိပါတယ်။ ကြိုးစားခဲ့ရတာကတော့ သီချင်းတွေကိုပုံစံပြောင်းပြီး လေ့ကျင့်ရတယ်။ အချိန် ကလည်း အများကြီး မရတဲ့ အခါကျတော့ အခက်အခဲ အနည်းငယ်ရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here