မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ The Royal Orders of Burma စာအုပ်ကို ဇူလိုင်လ၁၄ရက်နေ့က လမ်းမတော်မြို့နယ်၊ Myanmar Book Plaza မှာ မိတ်ဆက်ခဲ့ပါတယ်။ ဆရာကြီးဒေါက်တာ သန်း ထွန်းမှာ ကွယ်လွန်သွားပြီးဖြစ်တာကြောင့် သူ့ရဲ့တပည့်များနဲ့စိတ်ကူးချိုချို စာအုပ်တိုက်မှ ထုတ်ဝေမှာဖြစ်ပါတယ်။ သုတေသနများကို အခြေခံထားတဲ့ စာအုပ်တစ်အုပ်ဖြစ် ပြီး သုတေသနနယ်ပယ်မှာ မူရင်းအထောက်အထားများကို ရှာဖွေစုဆောင်း ဆက်လက်အသုံးချနိုင်ဖို့ ရည်ရွယ်ကြောင်းလည်း သိရပါတယ်။ ထိုစာအုပ်နဲ့ ပတ်သက်ပြီး ဆရာဦးခင်မောင်ကြီး(နည်းပြဟောင်း)က “ဒီစာအုပ်က ကျွန်တာ် တို့ အရမ်းတန်ဖိုးထားရတဲ့စာအုပ်ပါ။ ဆရာကြီးဒေါက် တာသန်းထွန်းရဲ့ ၂၅နှစ်လုံးလုံး သုတေသနလုပ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါ တယ်။ ဆရာရေးသားထားခဲ့တဲ့ တချို့အကြောင်းအရာတွေက English ဘာသာနဲ့ဖြစ်နေတာကြောင့် ကျွန်တော်တို့က ဘာသာပြန်ဆိုပြီး ထည့်ပေးထား ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင်