အနုပညာနဲ့ ပတ်သက်တာ တစ်ခုခု လုပ်မနေရရင် ရင်ထဲမှာ တစ်ခုခုလိုနေသလိုပဲ အိစိကွေး

0
92

e

သရုပ်ဆောင် အိစိကွေးက ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်သွားအောင်လို့ နယ်တွေမှာ သီချင်းတွေသီဆိုဖြစ်နေပါတယ်။ သူ့ အရွယ်က လူကြီးလည်း မဟုတ်၊ ကလေးလည်း မဟုတ်တော့တဲ့ အရွယ်ဖြစ်တဲ့အတွက်ကြောင့် သူနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာတွေက လည်း ရှားပါးနေတဲ့အတွက် ဇာတ် ကားရိုက်ကူးမှုတွေ နည်းပါးနေ တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတဲ့အတွက် ဘယ်လိုနေရာ ကပဲဖြစ်ဖြစ် သရုပ်ဆောင်သွားမှာဖြစ် ကြောင်းကို အိစိကွေးက…

“အနုပညာကတော့ ကျွန်တော် လူမှန်းစသိကတည်းက ဒီအနုပညာ ကို တအားဝါသနာပါတယ်။ အနု ပညာ အလုပ်ကတော့ ကျွန်တော် အတွက် တကယ်ကို မရှိမဖြစ်ပါပဲ။ ရုပ်ရှင်မရိုက်ရတာပဲ ဖြစ်ဖြစ်၊ အနု ပညာနဲ့ ပတ်သက်တာ တစ်ခု ခုမလုပ်နေရရင် ရင်ထဲမှာ တစ်ခုခုလိုနေသလိုပဲ။ ထိုင်မရ၊ ထမရနဲ့ မနေ တတ်ဘူးပေါ့။ ဒီအနုပညာကိုတော့ သေသွားတဲ့ အထိ ဆက်လုပ်သွားမှာပါ။ ဘယ်လို ပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် သရုပ်ဆောင်မယ်။ မင်းသားရယ်မှ မဟုတ်ဘူး။ ဇာတ်ပို့ဇာတ်ရံဆိုလည်း လုပ်လိုက်မှာပဲ။ လိုအပ်လို့ ဖြတ် လျှောက် ဆိုရင်တောင် ဝင်လျှောက် ပေးလိုက်မယ်။ အနုပညာကို တအား လည်း လေးစားတယ်။ ကိုယ့်ရင်ထဲမှာ အမြတ်တနိုးလည်ရှိတယ်။ တစ်ခါ တလေကျရင်တောင်မှ ငါ ရုပ်ရှင် ရိုက်ကူးဖို့မွေးဖွားလာတယ်ဆိုပြီးတော့ ကိုယ့်ကိုယ် ကိုယ်စိတ်ထဲမှာ မှန်းပြီးတော့ ငယ် ငယ်ကတည်းက ရူးသွပ်ခဲ့တာပေါ့။ အခုအချိန်ထိလည်း ရူးနေတုန်းပါပဲ။ အနုပညာက ဘယ်လိုမှ ကိုယ်နဲ့ ကင်းကွာလို့မရတဲ့အရာတစ်ခုပါပဲ။ အဲဒါကြောင့် ပရိသတ်ကြီးကိုလည်း ပြောချင်တာက ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here