အရှေ့ ဥရောပခြောက်နိုင်ငံမှာ ခရီးသွားအစီအစဉ် သွားရောက်ရိုက်ကူးခဲ့တဲ့ ကျော်ကျော်ဗို ရဲ့ အတွေ့အကြုံ

0
184

kyawkyawbo

သရုပ်ဆောင်ကျော်ကျော်ဗိုကRide on Europe ခရီး သွား အစီအစဉ်အတွက် ဥရောပ ၆နိုင်ငံကို ၁၅ ရက် ကြာ သွားရောက်ခဲ့ပါတယ်။ ဇွန်လနောက်ဆုံးအပတ်က သွား ရောက်ခဲ့တဲ့ ဒီခရီးစဉ်မှာRide on Europe အဖွဲ့သားတွေနဲ့အတူ တစ်ဦးတည်းသော အမျိုးသမီး ခရီးသွားအနေနဲ့ သရုပ်ဆောင် မာရီကိုလ်းကလည်း ပါဝင်ခဲ့ပါတယ်။ ဂျာမနီ၊ ချက်၊ ပိုလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ သြစတြီးယားနိုင်ငံတွေက လေ့လာခဲ့ရတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ……

ky
“ဒီခရီးစဉ်မှာ ကိုကြံ့တို့အဓိက သွားခဲ့တာတွေက နိုင်ငံတစ်ခုချင်း စီ ရဲ့Tour Attraction ရှိတဲ့ နေရာတွေသွားခဲ့တယ်။ ဒီလိုသွားတဲ့ အခါလည်း သူတို့နိုင်ငံကလူတွေ နေ့စဉ်သွားလာနေကျအတိုင်း ရထား စီး၊ ကားစီး၊ လမ်းလျှောက်ဒီလိုပဲ သွားခဲ့ကြတယ်။ ဒီခရီးစဉ်မှာ မာရီကိုလ်းတို့လည်းပါတော့ ခရီးသွားအဖော်ရတာပေါ့။ ခရီးသွားရင်း စကား ပြောကြ၊ ရှေးဟောင်းနေရာတွေ လည်ပတ်ကြတယ်။ အဓိက ကတော့ အနောက်တိုင်းနိုင်ငံတွေမှာ ဘာတွေရှိနေတယ်။ စနစ်တကျ ဖန်တီးထားမှုတွေကို ကြည့်ရှုသူတွေ လေ့လာနိုင်မှာပါ။ ရှေးဟောင်း အဆောက်အအုံတွေကိုလည်း အခုအချိန်ထိ ထိန်းသိမ်းထားကြတာ ဆိုတာမျိုးတွေကို နည်းနာယူပြီး အစ်ကိုတို့ဆီက ခရီးသွားလုပ်ငန်း တွေကို တစ်ဖက်တစ်လမ်းက မြှင့်တင်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

Ride on Europe  အစီအစဉ်ကတော့ သြဂုတ်လလောက်မှာ စတင်ပြသမယ် လို့ သိရပါတယ်။ နှင်းဆီအဖွဲ့သားတွေနဲ့အတူ ရိုက်ကူးမယ့်ျRose Rider ဇာတ် ကားကြီးအတွက် အမျိုးသမီး သရုပ်ဆောင်ကို မကြာမီကြေညာတော့မှာ ဖြစ်ပြီး ကျော်ကျော်ဗိုကလည်း ထူးထူးခြားခြား တက်တူးဆရာတစ်ဦးအနေ နဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ ကာရိုက်တာနဲ့ လိုက်ဖက်တဲ့ အပြင်အဆင် တွေအတွက် ဆိုင်ကယ်လည်း စုဆောင်းထားတယ်လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

k2
“ကိုကြံ့တို့လည်း အရင်ကတည်းက ဆိုင်ကယ်စီးရတာ ဝါသနာပါ တယ်။ အခွင့်မရလို့သာ မျိုသိပ်ထားရတာပါ။ အခုဇာတ်ကားလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးရတော့မယ်ဆိုတော့ အရင်ဝါသနာလေး တွေကလည်း ပြန်ထွက်လာပြီး ဆိုင်ကယ်တွေ စုထားတာပါ။ နှင်းဆီအဖွဲ့ ကိုလည်း ဒီဇာတ်ကားထဲမှာဆိုင်ကယ်တွေနဲ့ တွေ့မြင်ရမှာပါ”လို့ ကျော်ကျော်ဗိုက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here