ရန်ကုန်နှင့်မန္တလေး တစ်ပြိုင်တည်း ကျင်းပသွားမည့် မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် အထိမ်းအမှတ် အငြိမ့်ပြိုင်ပွဲ

0
173

မြန်မာ့ဒီမိုကရေစီ ရက်သတ္တ ပတ် အထိမ်းအမှတ်အငြိမ့် ပြိုင်ပွဲကို သြဂုတ်လ ၂၈၊၂၉၊၃ဝရက်နေ့များ တွင် ရန်ကုန်နှင့် မန္တလေးတို့၌ တစ် ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။

ရန်ကုန်နှင့်မန္တလေးတွင် အုပ်စု နှစ်စုခွဲပြီး အငြိမ့်ပြိုင်ပွဲများအား ကျင်းပသွားမည်ဖြစ်ကာ နောက်ဆုံး ဗိုလ်လုပွဲတွင် ရန်ကုန်မှ အရွေးချယ်ခံ အငြိမ့်အဖွဲ့ ၃ဖွဲ့၊ မန္တလေးမှ အရွေး ချယ်ခံ အငြိမ့်အဖွဲ့ ၃ဖွဲ့ယှဉ်ပြိုင်ပြီး ကျန်ရှိမည့်အကောင်းဆုံးအဖွဲ့ ၃ဖွဲ့ ကို ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်သည့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ ရက်သတ္တပတ် အထိမ်း အမှတ် အငြိမ့်ပြိုင်ပွဲ စည်းကမ်းချက် များမှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကိုဖော်ဆောင်သော သီချင်းနှင့် ပြက် လုံးများ ဖြစ်ရမည်။ ဘာသာရေး၊ တိုင်းရင်းသားအရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေးတို့ကို ထိခိုက်စေသော ပြက်လုံးများ အပြောအဆို၊ အပြုအမူ များ မပါဝင်စေရ၊ မင်းသမီး ၁ဦးနှင့် လူရွှင်တော် ၃ ဦးမှ ၅ ဦး အထိ ပါ ဝင်နိုင်သည်။ မင်းသမီးသီချင်း အနည်းဆုံး ၂ ပုဒ်၊ အများဆုံး ၄ ပုဒ် ပါဝင်နိုင်သည်။ အငြိမ့်ဖျော်ဖြေချိန် ၁ နာရီ ခွင့်ပြုထားပြီး ၅ မိနစ်အလို တွင် ဒိုင်များမှသတိပေးမည်ဖြစ်ပြီး အချိန်လိုခြင်း၊ ကျော်ခြင်းများဖြစ် ပါက အမှတ်လျှော့ခံရမည်။ အငြိမ့် ရိုးရာ ဝတ်စားဆင်ယင်မှုအတိုင်း ဝတ်စားဆင်ယင်ရမည်။

ဆိုင်းပစ္စည်း များ စီစဉ်ပေးမည်ဖြစ်ပြီး ဆိုင်းပညာ ရှင်များကို မိမိအစီအစဉ်ဖြင့်ခေါ်လာ ရမည်။ အငြိမ့်ပြိုင်ပွဲတွင် လူရွှင်တော်၊ အငြိမ့်မင်းသမီးများအနေဖြင့် အငြိမ့် အဖွဲ့ ၁ ဖွဲ့ တည်းတွင်သာ ပါဝင်ယှဉ် ပြိုင်ခွင့်ရှိမည်ဖြစ်သည်။ အငြိမ့်အဖွဲ့ ကပြဖျော်ဖြေပြိုင်ပွဲဝင်သော အဆို၊အက၊အရေး၊အတီးပြက်လုံးများနှင့် ပတ်သက်ပြီး အရှုပ်အရှင်း တစ်စုံ တစ်ရာ ဖြစ်ပေါ်လာပါက မိမိတို့၏တာဝန်သာဖြစ်ကြောင်း၊ ပြိုင်ပွဲ၏အနိုင်၊ အရှုံး အဆုံးအဖြတ်သည် ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်လျှောက်လွှာများအား ရန်ကုန်မြို့၊ ဟံသာဝတီလမ်း၊ ဟံသာဝတီအဝိုင်းထိပ်၊မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝင်ဘေးရှိ ၄ွှဠ ငြေညှ့သတမသသာ တို့တွင် ပြိုင် ပွဲဝင်လျှောက်လွှာပုံစံ များလာရောက် တင် သွင်းနိုင်ပြီး၊ မန္တလေးမြို့တွင် အခန်း နံပါတ်(-၂ဝ၆)၊ ရွှေဖြူ ပလာဇာ ဒုတိယထပ်၊ ၃၃လမ်း နှင့် ဇောတိကလမ်းထောင့်၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့ နယ်၊ မန္တလေးမြို့တို့တွင်လည်း ပြိုင်ပွဲဝင်လျှောက်လွှာပုံစံများကို တင် သွင်းနိုင်ကြောင်း သိရသည်။

P-038


LEAVE A REPLY

Please enter your comment!
Please enter your name here