ခြောက်နှစ်နီးပါး အချိန်ယူခဲ့တဲ့ ခြောက်နှစ်နီးပါး အချိန်ယူခဲ့တဲ့ ဂျီလတ် ရဲ့အစွန်းနှစ်ဖက် Music Video ထွက်ရှိ

0
331

G-latt

အဆိုတော်ဂျီလတ်က သူ့ရဲ့  ‘အစွန်းနှစ် ဖက်’ စီးရီးကို Music Video အဖြစ် ခြောက် နှစ်ကြာ အချိန်ယူပုံဖော်ခဲ့ပြီး အခုဇူလိုင်လ ၉ရက်နေ့မှာတော့ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။ ဒီစီးရီးကို ခြောက်နှစ်နီးပါး အချိန်ယူ ခဲ့ပြီးနောက် ထွက်ရှိလာတဲ့အခါ ကျေနပ်မှုရှိ လားဆိုတဲ့ အမေးကို ဂျီလတ်က…

“ရှေ့ပိုင်းမှာ ၈ပုဒ်လောက် ရိုက်တယ်။ ၄ပုဒ်လောက်က ဒီဘက်ပိုင်းမှာ ရိုက်ဖြစ်တာပေါ့။ ကြားထဲမှာ ရိုက်ထားတဲ့ဟာတွေထဲကီအေတွေ ပျက် သွားတာလည်း ရှိတယ်။ ကျွန်တော်က ဒီ MTV မင်းသား၊မင်းသမီး တအားသုံးမထားဘူး။မင်းသား၊ မင်းသမီးထဲကမှ နာမည် တအားကြီးလာတဲ့ အချိန်ကျရင် ဒါတွေက ဟောင်းသွားတာမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီလိုတော့မပါဘူး။အဲဒီ အတွက် အချိန်ကြာပေမယ့် ဟောင်းမသွားဘူး။ ပြီးတော့ Story ပုံစံ ရိုက်မထားတဲ့အတွက် အချိန်ကြာပေမယ့် ပျင်းစရာ ကောင်းတဲ့အခြေအနေမျိုးကို မရင်ဆိုင်ရဘူး။ ခုထွက်ရှိလာတဲ့အချိန်မှာ ကျွန်တော်တို့ကြိုက်တဲ့ ပုံသဏ္ဌာန်အတိုင်းရှိ နေတုန်းပါပဲ။ တချို့ကလည်း ဒီအခွေကို သေချာစောင့်နေကြတယ်။ အဲဒီအတွက်လည်း ဝမ်းသာရပါတယ်။ ခုထွက် ရှိလာတဲ့အချိန်မှာ ၈ဝ%လောက် ပရိသတ်ပုံဖော်ထားတာနဲ့အကြောင်း တိုက်ဆိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။သီချင်း အပေါ်မှာ အရုပ်တွေကို ပရိသတ်ပုံဖော်ထားတာက တစ်မျိုးဖြစ်မယ်။ ကျွန်တော်တို့ ပုံဖော်တာက တစ်မျိုးဖြစ်ရင် ဖြစ်မယ်။ ဒါက ဖြစ်တတ်တဲ့သဘောရှိတယ်။အဲဒီအတွက် ပရိသတ်နဲ့ထပ်တူကျပါစေလို့ ပဲ ဆုတောင်းမိပါတယ်”လို့ ဂျီလတ်က ပြောပါတယ်။

ဂျီလတ်က ‘အစွန်းနှစ်ဖက်’ Music Video ထွက်ပြီးသွားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ စီးရီးသစ်အတွက် ထပ်မံပြင်ဆင်တော့မယ်လို့လည်း သိရပါတယ်။ လတ်တလောမှာတော့ ဂျီလတ်က သအို၊ဟန်ထွန်း၊ဝေလတို့နဲ့အတူ လေးယောက်တွဲ စီးရီးတစ်ခွေလုပ်နေတယ်လို့ လည်းသိရပါတယ်။ ဆက်လက် ပြီးဂျီလတ်က သူ့ရဲ့ Brand NC-13 အနေနဲ့လည်း ဖန်တီးမှု တစ်ခုပြု လုပ်ဖို့  စီစဉ်ထားတယ်လို့ သိရပါ တယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here