တက်စ်မေးနီးယန်းနတ်ဆိုး

0
100

14650047_1121515207895623_4770911774565762864_n-copy

ကမ္ဘာ့တောင်ဘက်ခြမ်းအခြားတိုင်းပြည်        အတော်များများ ရဲ့ အောက်ဘက် မှာရှိတာမို့ Down Under  လို့ လူသိများပြီးသြ စတြေး လျနိုင်ငံရဲ့ ပြည်နယ်ဒေသ၆ခုထဲမှာ တစ်ခုအပါ အဝင်ဖြစ်တဲ့ ကျွန်းတစ်ခု လည်းဖြစ်ပါတယ်။ ဒီလိုပဲ ၊နယ်မြေ ဒေသကြီး၂ခု အပြင်  အခြားကျွန်း နယ်မြေတွေပါရှိတဲ့တိုင်းပြည်တစ်ခုတည်းရှိတဲ့တိုက်ကြီးလည်း ဖြစ်ပါတယ်။ ဒီသြစတြေးလျပြည် မကြီးရဲ့အောက်  ၊ တောင်ဘက်မှာ တက်စ်မေးနီးယန်းဆိုတဲ့ကျွန်းတစ်ခု လည်းရှိပြီး ဒီကျွန်းဟာလည်း သြစ တြေးလျပြည်နယ်၆ခုထဲက တစ်ခု ဖြစ်ပါတ ယ်။

ဧရိယာ၆သောင်း၈ထောင်  ကျော်စကွဲယားကီလိုမီတာရှိတဲ့ ဒီကျွန်းမှာပဲရှိပြီး ဒီကျွန်းရဲ့ဒေသခံ လို့ပြောလို့ရတဲ့တိရစ္ဆာန်တစ်မျိုး ကတော့တက်စ်မေးနီးယန်းနတ်ဆိုး (Tasmanian Devil)ဆိုတဲ့ အကောင်လေးတွေဖြစ်ပါတယ်။

အရင်နှစ်ပေါင်းလေးရာ လောက် အထိကသြစတြေးလျပြည် မကြီးမှာ ဒီ အကောင်လေးတွေရှိခဲ့ဖူး ပေမယ့် ခုတော့တက်စီလို့လည်း သြဇီတွေ အတိုကောက်ခေါ်ကြတဲ့ တက်စ်မေးနီးယန်းကျွန်းမှာသာ တွေ့နိုင်တာ ဖြစ်ပါတယ်။

Devil Facial Tumour Disease (DFTD)ဆိုတဲ့ကင်ဆာ ရောဂါကပ်ဆိုးကျရောက်ခဲ့တဲ့ ၁၉၉၆  ခုနှစ်လောက်ကတည်းကစ လို့ဒီတက် စ်မေးနီးယန်းနတ်ဆိုးအကောင်လေး တွေသေကျေပျက်စီးဆုံးရှုံးခဲ့ကြတာ ၂ဝ၁၂ခုနှစ် အရောက်မှာတော့တော ထဲမှာရှိတဲ့
ဒီတက်စီနတ်ဆိုးတွေရဲ့ ၈၅%လောက်ဟာ ပျောက်ကွယ် သေဆုးံကုန်ကြပါတယ်။

a

တက်စ်မေးနီးယန်းတောတွေ ထဲမှာခုလက်ရှိ အကောင်ရေ ၁သောင်း ကနေ၂သောင်းခွဲလောက် ပဲရှိတော့တယ်လို့ ခန့်မှန်းချက်များ အရ သိရပါတယ်။

မျိုးပြုန်းမယ့်အလားအလာရှိနေ တဲ့ဒီနတ်ဆိုးလေးတွေထဲက ရောဂါကင်းတဲ့နတ်ဆိုးလေးတွေကိုယူလာ ပြီးဟေးစ်ဗေးလ်ဘေး မဲ့တောမှာ    ထိန်းသိမ်းစောင့်ရှောက်ထားတာကိုဒီနေ့တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ် နေပြီး၊ တစ်ကမ္ဘာလုံးမှာ တက်စ် မေးနီးယန်းကျွန်းရဲ့တောတွေထဲမှာ ပဲ မြင်တွေ့နိုင်တဲ့ ဒီနတ်ဆိုးေ လးတွေ ကိုခုလိုမြင်တွေ့ရတာလည်း ကံ ကောင်းတာပါပဲ။

ကြွက်နဲ့တူတဲ့ဒီနတ်ဆိုးလေး တွေဟာနာမည်နဲ့လိုက်အောင်ပဲ တွေ့လိုက်တဲ့အခါ တိုက်ခိုက်တော့  မယ့် ပုံနဲ့ခြိမ်းခြောက်နေ သလိုပါပဲ။သားငယ်ကိုမိခင်ဗိုက်တွင် အိတ်ဖြင့် သယ်ဆောင်သော သားပိုက်ကောင် ကဲ့သို့ နို့တိုက်သတ္တဝါတစ်မျိုးဖြစ်ပြီးကမ္ဘာ့ အကြီးဆုးံအသားစားသားပိုက်ကောင်အမျိုးအစားထဲမှာအကြီးဆုံး အသက်ရှင်ကျန်နေသေးတဲ့ သတ္တဝါ ဖြစ်ပါတယ်။ အရွယ်အားဖြင့် လက်မ၂ဝကနေ၃၁လက်မလောက်မြင့်ပြီး၊ ၉ပေါင်ကနေ၂၆ပေါင်လောက်ထိ အလေးချိန်ရှိတဲ့ နတ်ဆိုးလေးတွေ ဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်းမတ်လ မှာ မိတ်လိုက်ပြီး ၃ပတ်လောက် အကြာဧပြီလမှာမွေးတဲ့သား လောင်းလေးတွေကိုတစ်ခါမွေးဖွား ရင်အကောင် ၅ဝလောက် မွေးတယ် လို့ ဆိုပါတယ်။

အဲဒီအကောင်၅ဝထဲကမှ အမေ့ရဲ့ သားပိုက်ကောင်အိတ်ထဲ   မှာရှိတဲ့နို့သီးခေါင်းလေးလုးံထဲက တစ်လုံးကိုရအောင်သွားပြီး တွယ် ကပ်နိုင်တဲ့သားလောင်းလေးကောင် သာ အသက်ဆက်ရှင်နိုင်ကြပြီး ကျန်တဲ့ကောင်တွေကတော့ အာဟာ ရပြတ်ပြီး သေဆုံးကုန်ကြ ရပါတယ်။ ဒီကလေးပေါက်စလေးတွေဟာ မိခင် အိတ်ထဲမှာ နောက်ထပ်လေးလ လောက်ဆက်နေကြပါတယ်။ ၈လ၊၉ လလောက် မှာတော့ကောင်းကောင်းအရွယ်ရောက်ကြပါတယ်။

အသားစားသတ္တဝါဒီနတ်ဆိုး လေးတွေဟာ ငှက်၊ မြွေ၊ ငါး၊ အင်း ဆက်အကုန်စားတာပါပဲ။ အသေ ကောင်ပုပ်ဘာမဆိုပါစားပြီး အရိုး  ပါမချန်ဝါးတဲ့ဒီနတ်ဆိုးလေးတွေ စားနေတာ ကြည့်ပြီးဓာတ်ပုံရိုက် နေတဲ့ ကိုယ်တောင်ကြောက်လာမိပါ တယ်။ သိပ်ကို သန်မာတဲ့မေး ရိုးနဲ့ ထက်မြက်နေတဲ့သွားတွေ ပိုင်ဆိုင်ပြီး ကိုက်အားတအားကောင်းတဲ့နတ်ဆိုး လေးတွေဟာသူတို့ခန္ဓာကိုယ်အ လေးချိန်ရဲ့ တစ်ဝက်လောက်ကို တောင်စားနိုင်တာကလည်း အံ့သြ စရာပါ။

အခြားသားပိုက်ကောင်တွေနဲ့မတူဘဲကြောက်စရာကောင်းပြီး ရန် လိုတဲ့ အသံပေးတတ်တဲ့ ဒီနတ်ဆိုး ကောင်လေးတွေရဲ့အသံဟာ တကယ့်ကြက်သီးထစရာကောင်းတဲ့ အသံပါ။

နေ့ဘက်မှာအိပ်တတ်ပြီး ည ဘက်မှာ အစာရှာထွက်တတ်တဲ့ ဒီ နတ်ဆိုးလေးတွေဟာတစ်ညကို၁ဝ မိုင်လောက် ထိအောင် သွားနိုင်တယ် လို့ဆိုပါတယ်။ပိုပြီးစိတ်ဝင်စား ရင်တော့၂ဝ၁၃ ခုနှစ်တုန်းက ဒါရိုက်တာ Zach Lipovsky ရိုက် ကူးထားတဲ့ Tasmanian Devils တီဗီရုပ်ရှင်ကားကိုရှာကြည့်ပါလို့တိုက်တွန်းရင်းနဲHealesville Sanctuary  ရောက်တုန်းကရိုက်လာ ခဲ့တဲ့ဓာတ်ပုံလေးတွေ နဲ့လူသိပ်မသိတဲ့သြစ တြေးလျဒေသခံသားပိုက်ကောင် အမျိုးဖြစ်တဲ့တက်စ်မေးနီးယန်းနတ် ဆိုးလေးတွေအကြောင်းမိတ်ဆက်
ပေးလိုက်ပါတယ်။

ချစ်ကို (မဲလ်ဘုန်း)


LEAVE A REPLY

Please enter your comment!
Please enter your name here