မင်းသမီး Kim Go Hun က BH Entertainment နဲ့ တရားဝင် လက်တွဲလိုက်ပါပြီ။ သူမဟာ အေဂျင်စီ HODU & U Entertainment နဲ့ လက်တွဲဖြုတ်ခဲ့ပြီး အခုလို အေဂျင်စီအသစ်ကို ရွေးချယ်လိုက်တာပါ။ သူမရဲ့ အေဂျင်စီအသစ်က Lee Byung ၊ Hun Han Hyo Joo ၊ Han Ga In ၊ Go Soo တို့နဲ့ လက်တွဲထားတဲ့ အေဂျင်စီပါ။ Kim Go Eun က ၂ဝ၁၂ ခုနှစ်ကတည်းက ဇာတ်ကားနဲ့ စတင်ရိုက်ကူးခဲ့ပြီး Monster ၊ Cheese in the Trap ၊ Goblin ဇာတ်ကားတို့နဲ့ နာမည်ရလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။