Despacito သီချင်းက ဒီနှစ်နွေရာသီရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ် ဖြစ်လာ ခဲ့ပါတယ်။Luis Fonsi နဲ့ Daddy Yankee တို့က ဇန်နဝါရီလမှာ သီချင်း MTV ကို ဖြန့်ချိခဲ့ပေမယ့် ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။
Justin Bieber ပါဝင်သီဆိုလိုက်တဲ့ Remix ဗာရှင်းမှာမှ Billboard Hot 100 မှာ နံပါတ် ၁ နေရာကို ရယူခဲ့တာပါ။”ငါအရမ်းကို ပျော်ရွှင်နေပါတယ်၊ လက်တင် သီချင်းကို ကြိုက်နှစ်သက်ကြတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်” လို့ Fonsi ကTwitter မှာ video နဲ့ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ Despacito သီချင်းက Spotify ရဲ့ သမိုင်းမှာ နားထောင်မှု အများဆုံး သီချင်း ဖြစ်လာခဲ့ပါတယ်။