သေပန်းပွင့်ချိန်
ဆံတွေဖြူဖြူ သွားတွေကျိုးပေါ့
အသားအရေ ညှိုးလျော့တွန့်လိပ်ကုန်
ကံလည်းပဲကုန် ဥာဏ်လည်းမွဲနဲ့
ဟန်ကလည်းပဲ ခေါင်းတုန်လည်တုန်
မျက်စိက သုန်မှုန် လူပုံက ကုန်းကွကွခါး
မသာကို အသာတင်လို့
ကြမ္မာငင် အသေလမ်းကိုဟယ်
သေပန်းချ အသွား ။ ။
မောင်သွေးချွန်