Linkin Park ကို မြန်မာပြည်ခေါ်ဖို့ မဖြစ်နိုင်တော့ဘူး

0
130

Chesterကမ္ဘာကျော် တီးဝိုင်းတစ်ခု ဖြစ်တဲ့ Linkin Park အဖွဲ့က အဆိုတော် Chester Bennington ဟာ ဇူလိုင် လ ၂ဝ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကာ ကွယ် လွန်သွားခဲ့ကြောင်း သိရပါတယ်။ ကွယ်လွန်ချိန်မှာတော့ Chester Bennington ဟာ အသက် ၄၁ နှစ် ရှိပြီဖြစ်ပြီး လော့စ်အိန်ဂျလိမြို့အနီးမှာ ရှိတဲ့သူ့ရဲ့ နေအိမ်မှာ သေဆုံး သွားခဲ့ကာ သူ့ ရုပ်အလောင်းကို ဇူလိုင်လ ၂ဝရက်  ဒေသ စံတော်ချိန် နံနက် ၉နာရီခန့်မှာ တွေ့ ရှိခဲ့တယ်လို့ သိရပါ တယ်။ လက်ရှိအချိန် မှာတော့ မော်ဒယ်လ် တစ်ဦးဖြစ်တဲ့ Talinda Ann Bentley နဲ့အတူ အိမ်ထောင်သက် ၁၂နှစ် ရှိပြီ ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Chester ဟာ အသက် ၁၇နှစ် ကစပြီး ဂီတဝိုင်းတွေ တည်ထောင်ဂီတ အလုပ်များပြုလုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ် မှာတော့ Linkin Park အဖွဲ့အဖြစ် Mike Shinoda နဲ့အတူ တည်ထောင်ခဲ့ပြီး ၂ဝဝဝ ခုနှစ် မှာတော့ Linkin Park ဝိုင်း အနေနဲ့ Hybird Theory Album  ကို စတင်ထုတ်ဝေခဲ့ပါ တယ်။ ဒီအယ်လ်ဘမ်ဟာ Chester ကို အောင်မြင်မှု လမ်းကြောင်းပေါ်ကို ပို့ပေးလိုက် ပါတယ်။ အဲဒီ နောက် Linkin Park  နဲ့အတူ အောင်မြင်မှုများ စွာနဲ့ အယ်လ်ဘမ် ခုနှစ်ချပ်ကို ထွက်ရှိနိုင်ခဲ့ပါတယ်။ One More Light စီးရီးကို မေလအတွင်းက နောက်ဆုံး ထွက်ရှိခဲ့ပြီးနောက် အခုဇူလိုင်လ၂ဝ ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Chester ဆိုတာ ကျွန်တော်တို့ရဲ့ Role Model ပါ။ အဲဒီမှာကျွန်တော် သတိထားမိ သွားတဲ့ တစ်ချက်ရှိတယ်။ ကျွန်တော်တို့ ကိုယ် တိုင်လည်း အနုပညာ သမားဖြစ်တော့ အဲဒါ လေးတစ်ခု သတိထားမိတယ်။ Artist  တွေ သည် Role Model ဖြစ်တဲ့အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်နောက်မှာ ကိုယ့်ကို အားပေးတဲ့ပရိသတ် တွေရှိနေတဲ့ အတွက် သူတို့ရဲ့ အတွေး အခေါ်တွေ သူတို့ ရဲ့  Lifestyle တွေကို အားကျ တဲ့သူတွေရှိ တယ်။ အဲဒီအတွက်ဆင် ခြင် သင့်တာလေးတွေ တွေးမိတယ်။ သူ့အတွက်လည်း စိတ်မ ကောင်း ဖြစ်ရတယ်” လို့ Idiots Bandက ရေမွန်က ပြော ပါတယ်။ Linkin Park အဖွဲ့က နိုဝင်ဘာလ အတွင်းမှာ မြန်မာပြည်ကို လာရောက်ဖျော်ဖြေ ဖို့စီစဉ်ထားတာ ရှိတယ် လို့သိရပါတယ်။ ဒီပွဲ ကိုစီစဉ်မယ့် စီစဉ်သူတွေ ထဲက တစ်ဦးဖြစ်တဲ့ ဒီမိုသော်က..

“ကျွန်တော်တို့ စီစဉ်စရာရှိ တာတွေတော့ စီစဉ်ပြီးပြီ။ ဒါပေမဲ့ သူတို့ဘက်က Confirm ပြန် မပြောရသေးဘူး။ အဲဒီအချိန်မှာ ခုလိုဖြစ်သွား တော့ ဘယ်လိုပြောရမလဲဗျာ။ Linkin Park  အနေနဲ့တော့ ကျွန်တော်တို့ခေါ်ဖို့ မဖြစ်နိုင် တော့ပါဘူး” လို့ ပြောပါတယ်။ Chester ကွယ် လွန်တာကို မြန်မာပြည်မှာ သိလိုက်တဲ့ ဇူလိုင်လ ၂၁ရက်နေ့မှာလည်း မြန်မာပြည် facebook စာမျက်နှာတစ်ခုလုံးမှာ Chester အတွက်ဝမ်း နည်းကြောင်းစာလွှာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here