J & W ဆိုတဲ့ နာမည်နဲ့ မွန်ရိုးရာချည်ထည်တွေ ထုတ်လုပ်သွားမယ့် ထုတ်လုပ်သွားမယ့် လိမ္မော်သီး တို့ ညီအစ်မ

0
191

Orange

ရော့ခ်သီချင်းတွေကို အထာ ကျကျ သီဆိုတတ်တဲ့ ရော့ခ်ကာမ လေး အဆိုတော် လိမ္မော်သီးက သူမ ရဲ့ တတိယစီးရီးကို အခုနှစ်ထဲမှာ ထွက်ရှိနိုင်ဖို့ စီစဉ်နေတယ်လို့ သိရ ပါတယ်။ ဒီစီးရီးမှာတော့ သီချင်း ဟောင်း ပြန်သီဆိုမှုနဲ့ ကံစပ်တဲ့ လိမ္မော်သီးက သီချင်းဟောင်း ၅ ပုဒ် ကိုလည်း ပြန်သီဆိုဖို့ စီစဉ်ထားပြီး သီချင်းသစ်နဲ့  သီချင်းဟောင်းမျှပြီး ပါဝင်မယ်လို့ သိရပါတယ်။

“ညီမ ပထမဆုံး စီးရီးမှာတော့ သီချင်းဟောင်း နှစ်ပုဒ်ပြန်ဆို ဖြစ် တယ်။ ဒုတိယစီးရီးမှာတော့ ကိုယ် ပိုင်သံစဉ်သီချင်း အသစ်တွေချည်းပဲ ပါတယ်။ အခုဒီတစ်ခွေမှာတော့ ညီမ ပြန်ဆိုချင်တဲ့ သီချင်းဟောင်းလေး တွေကို ပြန်ဆိုထားတယ်။ ဘယ် သီချင်းတွေလဲ ဆိုတာတော့ ထွက် ရှိလာတဲ့ အခါမှသာ သိစေချင်ပါ တယ်။ ဒီနှစ်ထဲမှာ ထွက်နိုင် ဖို့အတွက် စီစဉ်နေပါ တယ်။ တီးတာက အင် ပါယာဝိုင်းနဲ့ တီးပါ တယ်” လို့ လိမ္မော် သီးက ပြောပါတယ်။လိမ္မော်သီး ကသူ့ရဲ့ ဒုတိယ စီးရီး ‘ဒဏ်ရာနှလုံးသား’ ရဲ့ Music Video ကို ရိုက်ကူးနေပြီ ဖြစ်ပြီး အကြိုအနေနဲ့ MTV တစ်ပုဒ်ကို အွန်လိုင်းက တစ်ဆင့် တင်ပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

” ညီမရဲ့ ဒုတိယ စီးရီးကို အခု MTV ရိုက်ကူးနေပြီ။ လော လောဆယ်မှာတော့အွန်လိုင်းက တစ် ပုဒ်အရင် တင်ပေးဖို့ရှိတယ်။ပြီးရင် တော့ ထွက်လာဖို့ ရှိပါတယ်” လို့  လိမ္မော်သီးက ပြောပါတယ်။လိမ္မော်သီးက သူမရဲ့ ညီမ ဝေလာရီနဲ့အတူ မွန်ရိုးရာ ဝတ်စုံ တွေကိုလည်း ရောင်းချသွားဖို့ ရှိပြီး လတ်တလောမှာတော့ ပဝါတွေ စတင် ထုတ်လုပ်နေပြီ ဖြစ်ကြောင်း လည်း သိရပါတယ်။”ညီမတို့ J & W ဆိုတဲ့ နာမည် နဲ့ မွန်ရိုးရာ အထည်လေးတွေ ထုတ် ဖို့ ရှိပါတယ်။ လောလောဆယ်တော့ ပဝါလေးတွေ၊ပန်းပွင့်ပုံ ရင်ထိုး လေးတွေ လုပ်ထားတာ ရှိပါတယ်။ နောက်ထဘီ လေးတွေလည်း ထုတ် သွားဖို့ရှိပါတယ်”လို့ လိမ္မော်သီး က ပြောပြ ခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here