ကိုသားကြီး(ဒွေး)သာ အခုအချိန် ရှိနေရင် ပရဟိတ လုပ်ငန်းတွေမှာ ဦးဆောင်ပြီး လုပ်နေမယ်လို့ ယုံကြည်တဲ့ ဝေဠုကျော်

0
276

WaiLuKyawဒွေး ကွယ်လွန်ခြင်း ၁ဝနှစ်ပြည့် ဝမ်းနည်းမှု အမှတ်တရပွဲ ကို သရုပ် ဆောင် ဝေဠုကျော်လည်း တက်ရောက် ခဲ့ပါတယ်။ သူက လည်း ဒွေးနဲ့ ပတ်သက် ပြီး အမှတ်တရတွေ ရှိခဲ့တာ နဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။

“ကျွန်တော် ဦးကျော်သူရဲ့ နာရေး ကူညီမှု အသင်းမှာ ဝင်လုပ်နေတဲ့ အချိန်မှာပဲ သူ့ရဲ့နောက်ဆုံး ခရီးကို အစအဆုံး လုပ်ပေးခွင့် ရခဲ့ပါ တယ်။ နောက်ဆုံး ဘယ်အချိန်ထိလဲ ဆိုရင် ဝိညာဉ်သွားမေးတဲ့ အချိန်ထိ ကျွန်တော်ရယ် သားညီရယ် ဇွဲနိုင်ဝင်းရယ် သုံးယောက်ပေါ့။ သူလုပ်ချင်တာလေးတွေ သိခဲ့ရတယ်။ ပရဟိတ လုပ်ငန်းတွေ လုပ်ချင်လျက်နဲ့ အချိန် မပေးနိုင်ခဲ့တဲ့ အတွက် ဝမ်းနည်းပါတယ်။ သူနဲ့ ပတ်သက်ပြီး အမှတ်တရတွေ လည်း အများ ကြီးရှိခဲ့ပါတယ်။ သူ့နာရေးကို အစအဆုံး လုပ်ပေးခဲ့တာ ဆိုတော့ သူ့ရဲ့ မှတ်ပုံတင် မိတ္တူ၊ သန်းခေါင် စာရင်း မိတ္တူတွေ ကျွန်တော့်ဆီမှာ ရှိပါတယ်။ နောက်တစ်ခုက မီးသင်္ဂြိုဟ်ကာနီး သူ့မီးခြစ်ကလေးက သူ့ဘောင်းဘီအိပ်ထဲ ပါလာတယ်။ အဲဒီမီးခြစ်လေးကို ယူပြီး ကျွန်တော်က မမိုးကို သွားပေးတော့ ကျွန်တော့်ကို အမှတ်တရ သိမ်းထားလိုက် ဆိုပြီး  ပြန်ပေး လိုက်ပါတယ်။ အဲဒီ မီးခြစ်လေးလည်း အခုချိန်ထိ အိမ်မှာ ရှိနေပါတယ်။ ကိုသားကြီးက ပရဟိတစိတ် ရှိတဲ့ လူတစ်ယောက်ပါ။ ကိုသားကြီး ကျွန်တော်တို့ကို ခွဲသွားတာ အရမ်းစောတယ် ဗျာ သူသာရှိမယ် ဆိုရင်လည်း ကျွန်တော် တို့နဲ့အတူ ပရဟိတ လုပ်ငန်းတွေမှာ ဦးဆောင်ပြီး လုပ်နေလိမ့်မယ် ဆိုတာ ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here