မြန်မာ့အကအလှတွေနဲ့ စတင်ရိုက်ကူး ပုံဖော်နေပြီဖြစ်တဲ့ ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကား

0
302

Egg-Dan-4“နောင်တွင်ဥဒါန်း တွင်စေသ တည်း” ရုပ်ရှင်ဇာတ်ကား ကိုတော့ ဇူလိုင်လ၂ဝ ရက် နေ့က မန္တလေးမှာ စတင် ရိုက်ကူးနေပြီ ဖြစ်ပါ တယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးကို စတင်ရိုက် ကူးတဲ့နေ့မှာပဲ မြန်မာ့ ယဉ်ကျေးမှုဖြစ်တဲ့ ဆင်အကနဲ့ ကျောက်ဆည်မှ စွန်းရဲအင်း အလှတို့ကို ထည့်သွင်း ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင် က လည်း ဒီ ရုပ်ရှင်ဇာတ်ကားကို လွန်ခဲ့တဲ့ ၇နှစ် ကျော်ကြာ ကာလ ကတည်းက ရိုက်ကူးချင် နေခဲ့တာပဲဖြစ်ပေမယ့် အကြောင်းကြောင်း ကြောင့် မရိုက်ကူးဖြစ်ခဲ့ဘဲ အခုအချိန် မှာသာ သူ့ရဲ့ဆန္ဒကို အကောင် အထည်ဖော်ဖြစ် တော့တာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကား က ဆရာဝန် တစ်ယောက်ရဲ့ သစ္စာတရားကို ရိုက်ကူးပြသမယ့် ဇာတ်ကား ပဲဖြစ်သလို၊ မန္တလေးနဲ့ပုဂံတို့မှာ အဓိကထား ရိုက်ကူးသွား မှာ ဖြစ်ပါတယ်။ “ကိုးဆယ်ဆသာလိမ့်မယ်”  ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆုတွေ များ စွာကို ဆွတ်ခူးပေးနိုင်ခဲ့ သလို ကိုယ်တိုင်လည်း ဒါရိုက်တာ ဆုရရှိခဲ့တဲ့ မြို့တော်မောင်ယဉ် အောင်ကို “နောင်တွင် ဥဒါန်းတွင်စေသတည်း” ရုပ်ရှင် ဇာတ်ကား အပေါ် သူ့ရဲ့အကယ်ဒမီ ရင်ခုန်သံ ကိုမေးတဲ့ အခါမှာ…

“မမျှော်မှန်းရဲပါဘူး။ ကျွန်တော်က ရုပ်ရှင်သမား မဟုတ်ဘူးလေ။ ဘာပဲပြောပြော ဇာတ်သမားပဲလေ။ ကျွန်တော်ကတော့ ဇာတ်ကို ပီပြင်အောင်တော့လုပ် ထားပြီးပါပြီ” လို့ ဖြေခဲ့ဖူးပါတယ်။ ဒါရိုက်တာမြို့တော် မောင်ယဉ်အောင်က ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ ကတည်း ကိုက မြန်မာ အလှနဲ့ မြန်မာမှုတွေ ကို ခမ်းနား စွာနဲ့ ပုံဖော် ရိုက်ကူးနေပြီ ဖြစ်သလို ဇာတ်ကားရဲ့  ဇာတ် ဝင်တေးတွေကအစ ခမ်းနားမှုတွေ မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ မြို့ရွှေမန်းသား ဖိုးချစ်ရဲ့  မြို့ရွှေမန်းသား ထုတ်လုပ်ရေးမှ ထုတ် လုပ် ရိုက် ကူးခြင်းဖြစ်ပြီး ဇာတ်ကားမှာအဓိက ပါဝင် သရုပ်ဆောင်မယ့် အနုပညာရှင်တွေက တော့ ရန်အောင်၊ ရဲအောင်၊ လူမင်း၊ ဖိုးချစ်၊ အလင်းရောင်၊ မေသဉ္ဇာဦး၊အေးမြတ်သူ၊ ရတနာဗို တို့ပဲဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် ဖိုးချစ်ရဲ့တူဖြစ်တဲ့ ကောင်းစစ်မင်း ကလည်း ပါ ဝင်ထားပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here