အကောင်းဆုံးတေးများ စီးရီးခွေအတွက် ပြင်ဆင်နေတဲ့ ဂရေဟမ်

0
295

Garaham

ဂရေဟမ်က အခုနှစ်အတွင်းမှာတော့ တစ်ခေတ် တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ သူ့ရဲ့သီချင်း အဟောင်းများကို ပြန်လည်သီဆို မယ့် အကောင်းဆုံးတေးများ တေးစီးရီးထွက်ဖြစ်ဖို့ စီစဉ်နေပါတယ်။ သူ့ရဲ့အကောင်းဆုံးတေးများ တေးစီးရီးခွေနဲ့ ပတ်သက်ပြီး…

“အကောင်းဆုံးတေးများ တေးစီးရီးအခွေလုပ်ဖို့ စီစဉ်နေတယ်။ သီချင်းတွေအားလုံး ပြန်ဆိုရမယ်။ ပြန်တီးရမယ်ဆိုတော့ ခေတ်နဲ့အညီ ပုံစံလေးတွေ ပြန်ဆိုရမယ်။ ပြန်တီးတဲ့အခါမှာလည်း idea လေး တွေ သုံးရမှာပေါ့။ သီချင်းတွေ မသွင်းဖြစ်သေးပါဘူး။ အဲဒါကြောင့် တီးဝိုင်းကိုလည်း အတိအကျတော့ ပြောလို့မရသေးပါဘူး။ ဒီနှစ်ထဲမှာတော့ ထွက်ဖြစ်ဖို့ စီစဉ်နေပါ တယ်”လို့ ပြောခဲ့ပါတယ်။

သူ့ရဲ့အနုပညာမျိုးဆက်ဖြစ်တဲ့ သမီးဖြစ်သူပန်းရောင်ခြယ်ကလည်း ပရိသတ် အားပေးမှုရရှိထားပြီး အခုနှစ်အတွင်းမှာ တစ်ကိုယ်တော် တေးစီးရီးထွက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ သူ့ရဲ့ပံ့ပိုးမှုတွေနဲ့ ပတ်သက်ပြီး ခုလိုပြောပြခဲ့ပါတယ်။

“သမီးက ဂီတသွေးပါတယ်။ သူကလည်း Music ကို စိတ်ဝင်စားတယ်ဆိုတော့ လိုအပ်တာတွေ လုပ်ပေးရတာပေါ့။ အခုတော့ တစ်ကိုယ်တော် တေးစီးရီးလုပ်နေ တယ်။ သူကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေပါမယ်။ နောက်ထပ် တေးရေးဆရာ တွေက အောင်ကိုမြင့်နဲ့ Dယံပါမယ်။ တေးရေးကတော့ သိပ်အများကြီး မပါပါဘူး။ တေးစီးရီးနဲ့ပတ်သက်ပြီး ပံ့ပိုးပေးရတာကတော့ သီချင်းပုံစံမကျတာတွေ ပြင် ပေးတယ်။ idea ပေးတယ်ပေါ့နော်။ အစအဆုံးပံ့ပိုးပေးရတာပါပဲ”လို့ ပြောခဲ့ ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here