ပဲခူးတိုင်းမှာ ရေကြီးလို့ လူခြောက်ထောင်ကျော် ဘေးဒုက္ခရောက်နေ

0
254

Pitwin

ဧရာဝတီမြစ်‌‌ရေ မြင့်‌တက်‌ လာတာကြောင့် ပဲခူးတိုင်း‌ဒေသကြီး အတွင်းမှာ လူ ၆ဝဝဝ ကျော် ဘေး ဒုက္ခရောက်နေတယ်လို့ လူကယ်ပြန် ဝန်ကြီးဌာနကနေ သိရပါတယ်။ ဒီ ရေဘေးဒုက္ခသည် ၆၂၄၅ဦး ဟာ ရေကြီးတဲ့ ပြည်၊ ရွှေတောင်၊ ပန်း တောင်းစတဲ့ မြို့၃ခုက လူတွေဖြစ် ပါတယ်။

“ဇူလိုင်‌လ ၁၂ရက်‌‌နေ့ကစပြီး ပန်း‌တောင်းမှာ ‌ရေဝင်‌တယ်‌။ ပြည်‌၊‌ ရွှေ‌တောင်‌တို့မှာ‌တော့ ဇူလိုင်‌ ၁၃၊ ၁၄ရက်‌‌နေ့ကစပြီးေ‌ရ‌တွေဝင်‌လာ တာပါ”လို့ လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်း‌ကျော်‌‌ ဌေးက‌ ပြောပါတယ်။
ပြည်မြို့မှာ ရေဝင်‌‌တဲ့ အိမ်‌‌ခြေ ၁၉၇၂လုံးရှိပြီး ကယ်‌ဆယ်‌‌ရေး စခန်းတွေကို ပြောင်း‌ရွှေ့နေထိုင် နေရတဲ့ အိမ်‌‌ထောင်‌စု ၄၃၁စု၊လူဦး ‌ရေ ၁၆၆၇ဦးရှိ‌နေတယ်လို့ ခရိုင်‌ ဦးစီးမှူးဖြစ်တဲ့ ‌ဒေါ်ဝင်းဝင်း‌အေး က‌ပြောပါတယ်။ အလားတူ ‌ရွှေ‌တောင်‌မြို့‌မှာ ‌ရေဝင်‌‌တဲ့ အိမ်‌‌ခြေ ၄၂၇၄လုံးရှိပြီး ကယ်‌ဆယ်‌‌ရေးစခန်း တွေကို ပြောင်း‌ရွှေ့နေထိုင်‌‌တဲ့ အိမ်‌‌ ထောင်‌စု ၂၆၆စု၊လူဦး‌ရေ ၁ဝ၅၁ဦး ရှိ‌ကြောင်း၊ ပန်း‌တောင်းမြို့နယ်‌ အတွင်းမှာ ရေဘေးကြောင့် ဒုက္ခ သည်စခန်းတွေကို ပြောင်းရွှေ့ နေထိုင်တဲ့ အိမ်‌‌ထောင်‌စု ၉၆၉စုနဲ့ လူဦး‌ရေ ၃၅၂၇ဦးရှိ‌နေတယ်လို့ လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌ရေး ဦးစီးဌာန ကသိရပါတယ်။

လက်ရှိ အဆိုပါရေးဘေး ရှောင်ဒုက္ခသည်တွေကို သက်ဆိုင်ရာ မြို့နယ်တွေထဲက ရေလွတ်ရာနေရာ တွေမှာ စခန်းတည်ထောင်ပြီး နေရာချထားတယ်လို့ သိရပါတယ်။

သီဟ


LEAVE A REPLY

Please enter your comment!
Please enter your name here