ဇူလိုင် ၁၉ မွေးနေ့ရှင် ကောင်းစစ်မင်းအတွက် ဦးလေးဖြစ်သူ ဖိုးချစ်ရဲ့ လက်ဆောင်

0
422

phoe

ဇူလိုင်၁၉ရက်နေ့ မွေးနေ့ရှင်ဖြစ်တဲ့ မင်းသားလေး ကောင်းစစ်မင်းက ဇူလိုင် ၂ဝရက်နေ့ မနက်မှာတော့ မင်းကွန်းတိပိဋကကျောင်းမှာ ဆွမ်းဆက်ကပ်လှုဒါန်း ခဲ့ပါတယ်။မွေးနေ့ကိုတော့ ဇာတ်ခုံပေါ်မှာပဲ ဇာတ်အဖွဲ့သားတွေနဲ့ အတူပျော် ပျော်ပါးပါးမွေးနေ့ကိတ်ခွဲ့ခဲ့ပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ ဇာတ်အဖွဲ့သားတွေ ကို ဗလာမပါကံစမ်းမဲများ မဲဖောက်ပေးခဲ့ပြီး မွေးနေ့ကို ကုန်ဆုံးစေခဲ့ပါတယ်။ ဦးလေး ဖြစ်သူ မြို့ရွှေမန်းသားဖိုးချစ်ကတော့ တူဖြစ်သူ ကောင်းစစ်မင်းကို မွေးနေ့လက်ဆောင် အနေ နဲ့ကျောက်စိမ်းလက်စွပ်တစ်ကွင်း လက်ဆောင်ပေးခဲ့ပြီး မွေးနေ့အမှတ် တရစကား အဖြစ် ပညာတတ်ကြီးဖြစ်ကာအနုပညာနဲ့ နိုင်ငံ့တာဝန်ကို ကျေပွန်အောင် ထမ်း ဆောင်နိုင်ပါစေလို့ သြဝါဒစကား ပြောကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။ကောင်းစစ်မင်းက ဒီနှစ်မှာတော့ ၁၃နှစ်ပြည့်ပြီဖြစ်ပြီး ငယ်စဉ်ကတည်းက ဦးလေး ဖြစ်သူ မြို့ရွှေမန်းသားဖိုးချစ်ရဲ့ဇာတ်ခုံပေါ်မှာ ကပြခဲ့တာဖြစ်ရာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ ကောင်းစစ်မင်းရဲ့ ဖခင်ဖြစ်သူ ကိုမင်း မင်းကတော့ သားဖြစ်သူနဲ့ ပတ်သက်ပြီး

“သူ့ကိုပညာတတ်ကြီးဖြစ်စေချင်ပါတယ်။ပြီးရင်တော့ သူဝါသနာပါတဲ့ အနုပညာကိုဆက်လုပ်ပေါ့လေ။ အဲဒီလိုမျိုးလေးတော့ သားအပေါ် ရည်ရွယ်ထားပါတယ်”လို့ ပြောပြပါတယ်။ ကောင်းစစ်မင်းက ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်ရိုက်ကူးမယ့်” နောင် တွင် ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားမှာလည်း ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here