အမှားနဲ့ မကင်းတဲ့လူ ‘ Music Video’ ကို ဒီနှစ်ထဲမှာ ထွက်ရှိမယ့် ဟစ်ဟော့ပ် အဆိုတော် ချမ်းငြိမ်းကို

0
315

c

ဟစ်ဟော့ပ်အဆိုတော် ချမ်းငြိမ်း ကိုနဲ့ဖြိုးလေးတို့ရဲ့ Genius Clothing ကျောက် မြောင်းဆိုင်သစ် ပြန်လည်ဖွင့်လှစ်ပွဲကို ဇူလိုင်လ ၁၆ရက်နေ့က သူငယ်ချင်း၊ မိတ်ဆွေတွေများစွာနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဟစ်ဟော့ပ်နဲ့ ပတ်သက် လို့” သြော်..လူတွေ’၊ ‘အမှားနဲ့မကင်းတဲ့လူ’စတဲ့ တေးစီးရီးခွေ ၂ခွေထွက်ရှိထားပြီး သူ့ရဲ့’Stable Edge’အင်္ကျီကိုလည်း အားပေးမှုရရှိထားတဲ့ အဆို တော်ကတော့ ချမ်းငြိမ်းကို(ံHip 2)ပါ။ ဖက်ရှင်နဲ့ ပတ် သက်ပြီး သူက..

“ကျွန်တော့် အမြင်ကိုပြောရမယ်ဆိုရင် အရေ အတွက်တွေ အများကြီးရှိတာထက် ကျွန်တော်တို့ အရည်အသွေးကောင်းတဲ့အင်္ကျီတစ် ထည်ဝတ် လိုက်တာကိုက လူကို Confidence  ပိုရစေတယ်ပေါ့။ အဓိကကအဲဒါပဲ ပြောချင်ပါတယ်”လို့ Geniusဆိုင် သစ်ဖွင့်ပွဲမှာ မေးမြန်းစဉ် ပြောပြ ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး ချမ်းငြိမ်းကိုကို သူ့ရဲ့ဂီတ အကြောင်းတွေကိုလည်းမေး မြန်းဖြစ်တဲ့အခါ.. “

ံHip2 အနေနဲ့ ‘သြော်..လူတွေ’ရယ်၊ ကျွန်တော့်ရဲ့Solo အခွေ’အမှားနဲ့ မကင်း တဲ့လူ’ရယ်ထွက်ခဲ့တယ်။ပြီးတော့ ကျွန်တော့်အင်္ကျီ Stable Edge ကို Brand  တစ်ခုအနေနဲ့ ထုတ် ထားတယ်ပေါ့နော်။အဲဒီတော့ ကျွန်တော့်သီချင်းကို အားပေးတဲ့ သူတွေရော၊ ကျွန်တော့်အင်္ကျီ ကို ကြိုက်ကြတဲ့ သူတွေရောကို ကျေးဇူးတင်ကြောင်းပြောလို ပါတယ်”လို့ သူကဆိုပါတယ်။ ချမ်းငြိမ်းကိုက သူ့ရဲ့ ‘အမှားနဲ့မကင်းတဲ့လူ’အမ်တီဗီကိုလည်း ထွက်ရှိ တော့မယ့်အကြောင်းကို “ကျွန်တော်က အဲဒါကို Music Video ရိုက်ကူးနေတယ်။ Music Video က ရက်တော့ အတိအကျမသိသေးဘူး။ ကျွန်တော်၂ပုဒ်၊ ၃ပုဒ်ပဲကျန် တော့တယ်။ ဒီနှစ်ထဲမှာ ထွက်မယ်”လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here