မြန်မာနိုင်ငံဂီတအစည်းအရုံး ရွေးကောက်ပွဲကို ဒီဇင်ဘာတွင် ပြုလုပ်မည်

0
79

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရဲ့ အမှုဆောင်သက်တမ်းဟာ ယခု ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ပထမအမှုဆောင် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါ တယ်။ ဒါကြောင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲအတွက် ဂီတအစည်း အရုံးအနေနဲ့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ် ရွေးကောက်ပွဲအပြီး နောက်သက်တမ်းမှာတော့ မြန်မာနိုင်ငံဂီတအစည်းအရုံးအနေနဲ့ မြန်မာနိုင်ငံအမျိုးသားဂီတကောင်စီဆိုတဲ့အမည်နဲ့ ပြောင်းလဲဖွဲ့စည်းသွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

“ကျွန်တော်တို့အမှုဆောင် သက်တမ်းက စက်တင်ဘာလဆို သက်တမ်းပြည့်ပြီဖြစ်တဲ့ အတွက် စက်တင်ဘာလအပြီး နောက်သုံးလ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ပြုလုပ်ပါမယ်။ ဒီရွေး ကောက်ပွဲအပြီး နောက်သက်တမ်းမှာတော့ မြန်မာနိုင်ငံ အမျိုးသားဂီတကောင်စီဆိုတဲ့ နာမည်နဲ့ ပြန်လည်ဖွဲ့စည်းသွားပါမယ်။ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာတော့ ဂီတအစည်းအရုံးဝင် ဖြစ်တိုင်း ရွေးကောက်ခံလို့ မရပါဘူး။ သူ့မှာ ဂီတနဲ့ပတ်သက်တဲ့ မှတ်တိုင်တွေရှိရမယ်။သတ်မှတ်ထားတဲ့ ဂီတဆိုင်ရာ လှုပ်ရှားမှုတွေ ရှိရပါမယ်။ အခြားသတ်မှတ်ချက်တွေ လည်း ရှိပါတယ်။အနားနီးရင် ထပ်ပြီး ထုတ်ပြန်ပါမယ်” လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ဒုဥက္ကဋ္ဌ ဦးလွင်မြင့် က ပြောပါတယ်။

ယခုတစ်ခေါက် ပြုလုပ်မယ့် ရွေးကောက်ပွဲကိုတော့ ဒီဇင်ဘာလ အတွင်းမှာပြုလုပ်သွားမှာ ဖြစ်ပြီး မကြာမီအချိန်အတွင်းမှာလည်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို ထပ်မံ ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here