သဘင်အစည်းအရုံး (ဗဟို) ရွေးကောက်ပွဲ အောက်တိုဘာလတွင် ပြုလုပ်မည်

0
200

ta

မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) အမှုဆောင်သစ်အနေနဲ့ ၂ဝ၁၅ခုနှစ်အောက်တိုဘာလမှ စတင်ကာအမှုဆောင်သက်တမ်းကို တာဝန် ထမ်းဆောင်ခဲ့တာဆိုရင် အခုလာမယ့် ၂ဝ၁၇ခုနှစ် အောက်တိုဘာလမှာတော့ အမှု ဆောင်သက်တမ်း၂နှစ်တာကာလပြည့်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အောက်တို ဘာလမှာ သဘင်အမှုဆောင်သစ် ရွေးကောက်ပွဲကိုပြု လုပ်သွားမယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူး ဦးမိုးဝင်းက..

“ကျွန်တော်တို့အနေနဲ့ ၁ဝလ ပိုင်းမှာလုပ်ပါမယ်။ ကျွန်တော်တို့ ကတိအတိုင်း ၂နှစ်ပြည့်မှာလုပ်ကိုလုပ်ပါမယ်။ ကျွန်တော်တို့ ကတိတည်စေရပါမယ်။ ကျွန်တော်တို့ဟာ ဘယ်တော့မှ အချိန်ဆွဲခြင်း၊ ကိုယ်နေရာရဖို့အတွက် ကြိုးစားခြင်း လုပ်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီမှာ မိမိစိတ်ကြိုက်သာတင် ဖို့ပဲလိုပါတယ်”လို့ပြောပါတယ်။

သဘင်အစည်းအရုံး(ဗဟို)အနေနဲ့ ၂နှစ်တာကာအတွင်းမှာတော့ သဘင်လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ဖွဲ့ကာ သဘင်လောကသားများရဲ့ အခက်အခဲများကိုကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲလည်း လုပ်ဆောင်နိုင်ခဲ့သလို သဘင်သီချင်းကိုလည်းရွေးချယ်ကာ သတ်မှတ်နိုင်ခဲ့ပါတယ်။ အမှုဆောင် အဖွဲ့အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာ သဘင်အစည်းအရုံးများ ကို လည်းဖွဲ့စည်းပေးနိုင်ခဲ့သလို ဇာတ်နဲ့ ဆိုင်းလောကအတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ် နိုင်ရေးအတွက်လည်း ဆွေးနွေးပွဲများကို ရန်ကုန်နဲ့မန္တလေးတို့မှာ လုပ်ဆောင် ခဲ့ပါတယ်။ ဒါ့အပြင် သဘင်အစည်းအရုံး(ဗဟို)ရဲ့ ရုံးမြေနေရာရရှိရေးအတွက်ကိုလည်း အခုလက်ရှိမှာ အမှုဆောင်အဖွဲ့အနေနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here