လူငယ်တို့၏စွမ်းအားဖြင့် မောင်းနှင်နေသည့်ယနေ့တရုတ်ပြည်

0
250

ddfယခင်အပတ်မှအဆက်

ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်ထားနေဆဲဖြစ်သော်လည်း ‘တရုတ်နိုင်ငံဟာ ဖွံ့ ဖြိုးဆဲ နိုင်ငံဖြစ်ပါတယ်’ ဟု ပြောသည့် ဒုတိယညွှန်ကြားရေးမှူး မစ္စတာ ကျန်းရန်၏ စကားကြောင့် ကျွန်တော့်မှာ ပြောစရာစကား မရှိဖြစ်ခဲ့ရသည် . . . . .

တရုတ်နိုင်ငံတွင် သတင်းစာ ပုံ နှိပ်လုပ်ငန်းနှင့် TV ရုပ်သံ မီဒီယာ လုပ်ငန်းတို့တွင် ကြော်ငြာဝင်ငွေ ကျ ဆင်းနေသည်ဟု သိရသည်။ Media ၏ လွှမ်းမိုးမှုကြောင့် ကြော်ငြာဝင်ငွေ ကျဆင်းနေချိန်တွင် ခေတ်နှင့် အညီ မီဒီယာလောကကို ပြောင်းလဲရန် လိုအပ်ကြောင်း ဆရာ Samuel Zeng က ပြောပြသည်။

ယနေ့တရုတ်နိုင်ငံတွင် လက် ပတ်နာရီပေါ်မှာ သတင်းကြည့်နိုင်၊ သီချင်းနားထောင်နိုင်သည်။ မီးဖို ချောင်မှာ သတင်းနားထောင်နိုင်၊ သီချင်းနားထောင်နိုင်သည်။ မြေ အောက်ရထားစီးရင်း ဇာတ်လမ်း တွဲကြည့်နိုင်သည်။

dsd
“Producer  (ထုတ်လုပ်သူ)က ပရိသတ်ခံစားကြည့်ချင်တာကို လုပ်ပေးဖို့ ခက်ခဲပေမယ့် အတတ်နိုင် ဆုံး လုပ်ပေးရမယ်။ အခုဆိုရင် သတင်းတစ်ခုကို ဗီဒီယို၊ ဓာတ်ပုံ၊ သတင်းစာသား၊ အသေးစိတ်မြေပုံ များ အသုံးပြုပြီး ဖော်ပြလာတာ တွေ့ရတယ်။ ဒါကြောင့် သတင်း ထောက်တစ်ယောက်မှာ တတ်ထား ရမယ့် ပညာတွေ အများကြီးဖြစ် လာပြီ။ ပညာတွေ သင်နေဖို့၊ သိနေဖို့ လိုအပ်တယ်”ဟု School of Television Communication University of China rS Professor Samuel Zeng  က သတင်းထောက် တစ်ဦးအနေဖြင့် တတ်ထားသင့်သည့် ပညာများစွာရှိကြောင်းရှင်းပြသည်။

fcs
(၄)
တရုတ်ပြည်ရှိ လမ်းမအသွယ် သွယ်တွင် ကားစီးနေသူများ၊ ဘတ် ကားစီးနေသူများ၊ ဆိုင်ကယ်စီးနေ သူများ၊ စက်ဘီးစီးနေသူများကို လည်း စည်းကမ်းတကျ လွတ်လပ်စွာ စီးနင်းသွားလာခွင့် ပြုထားခြင်းအား မြင်တွေ့နိုင်သည်။ စက်ဘီး၊ ဆိုင် ကယ်သီးသန့်ဖြစ်သဖြင့် ကားလမ်း ပိတ်ခြင်းမရှိ၊ လျင်မြန်လွယ်ကူစွာ လို ရာခရီးကို အရောက် သွားနိုင်သည်။စက်ဘီးစီးနင်းခြင်းကြောင့် ငွေ ကုန်သက်သာပြီး ကျန်းမာရေးနှင့် ညီညွတ်စေသည်။ စက်ဘီးများကို လမ်းဘေးဝဲယာနေရာ အနှံ့မှာ အလွယ်တကူ ငှားရမ်းစီးနင်းနိုင် သည်။ စက်ဘီးငှားရမ်းစီးနင်းခမှာ နာရီဝက်အသုံးပြုပါက ဝ.၅ယွမ် (မြန်မာငွေ ၁ဝဝကျပ်)၊ တစ်နာရီ အသုံးပြုပါက ၁ယွမ် (မြန်မာငွေ ၂ဝဝ ကျပ်)သာ ကျသင့်မည်ဖြစ်သည်။

dfdsf
မြန်မာနိုင်ငံမှ မန္တလေးမြို့တွင် စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းကြီး စီးနင်းခွင့်ပြုထားသော်လည်း ရန်ကုန် မြို့တွင်းတွင် ဌာနဆိုင်ရာနှင့် သက် ဆိုင်ရာ ခွင့်ပြုချက်ရသူများသာ စက်ဘီး၊ ဆိုင်ကယ်စီးနင်းခွင့်ရသည်။ ရန်ကုန်မြို့တွင်းနေ ပြည်သူများ စီး နင်းခွင့်မရသောကြောင့် ရထားနှင့် ဘတ်စ်ကားသာ အားထားပြီး စီးနင်း နေရသည်။ သို့ဖြစ်ပါသောကြောင့် တရုတ်ပြည်က စက်ဘီး၊ ဆိုင်ကယ် စီးနင်းခွင့်ပြုသည့် စနစ်ကောင်းကို အတုယူပြီး ငွေကုန်ကြေးကျ သက် သာ၊ ကျန်းမာရေးနှင့်ညီညွတ်၊ ယာဉ် ကြောပိတ်ဆို့မှု လျော့ကျစေသည့် စက်ဘီး၊ ဆိုင်ကယ်စီးနင်းခွင့်ကို စည်းကမ်းစနစ်တကျ ခွင့်ပြုသင့် ကြောင်း အစိုးရတာဝန်ရှိသူလူကြီးမင်း များသို့ အကြံပြုတင်ပြအပ်ပါသည်။

(၅)
အာရှတိုက်နိုင်ငံရေးခေါင်း ဆောင်များအနက် အိန္ဒိယခေါင်း ဆောင် မဟတ္တမဂန္ဒီနှင့် တရုတ်ကွန် မြူနစ်ခေါင်းဆောင် မော်စီတုံးတို့ သည် လူဦးရေးများပြားသော နိုင်ငံ များ၏ ခေါင်းဆောင်များဖြစ်သော ကြောင့် နိုင်ငံတကာရှိ သမိုင်းစာမျက် နှာထက်တွင် ထင်ရှားကျော်ကြားသူ များဖြစ်ကြသည်။ တရုတ်ကွန်မြူနစ် ခေါင်းဆောင် မော်စီတုံး၏ အတွေး အခေါ်နှင့် လုပ်နည်းလုပ်ဟန်များ ကို နိုင်ငံတကာ နိုင်ငံရေးသိပ္ပံ ဘာ သာရပ်ကို သင်ကြားပို့ချသော တက္ကသိုလ်များတွင် ထည့်သွင်းသင် ကြားပေးကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ခေါင်း ဆောင်ကြီး မော်စီတုံး၏ အတွေး အခေါ်၊ လုပ်နည်းလုပ်ဟန်များကို လေးစားအားကျသူများစွာရှိနေပါ သည်။ တရုတ်နိုင်ငံကို ကမ္ဘာ့အင် အားကြီး နိုင်ငံဖြစ်အောင် လုပ် ဆောင်လမ်းပြခဲ့ သည့် ခေါင်းဆောင် ကြီး ဥက္ကဋ္ဌ မော်စီတုံး၏အကြောင်းကို ယနေ့ထိ တသသပြောကြားနေ လျက်ရှိသည်။

“တရုတ်နဲ့မြန်မာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝဝကျော် ထန်ခေတ် ကတည်းက သံတမန်ပူးပေါင်း ဆက် သွယ်မှုရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မဟာဗျူဟာပူးပေါင်းတာ နိုင်ငံအများကြီးမရှိပါဘူး။ နည်းနည်း ပဲရှိပါတယ်။ အဲဒီအထဲမှာ မဟာဗျူ ဟာ ပူးပေါင်းတာ မြန်မာနိုင်ငံလည်း ပါပါတယ်။ တရုတ်-မြန်မာချစ်ကြည် ရေး၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထား ရင်းနှီးမြှပ်နှံ တာ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် ထားတဲ့ပေါ်လစီပါ”ဟု ဘေဂျင်းမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး မစ္စတာကျန်းရန်က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်စွာ အတူယှဉ်တွဲမိတ်ဖက်ပြု နိုင်ငံရေး ရော၊ စီးပွားရေးပါ ပူးပေါင်း လုပ် ဆာင်ခဲ့ကြပုံ အကြောင်းပြောသည်။

အသက် ၃၅ နှစ်ခန့်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြား ရေးမှူးက ကျွန်တော်တို့မြန်မာမီဒီယာ အဖွဲ့ကို လေးလေးစားစား ဆက်ဆံ ဆွေးနွေးရှင်းပြပေးသည်။ ကျွန်တော် တို့ မြန်မာမီဒီယာအဖွဲ့၏ မေးမြန်းမှု များကို သံတမန်နည်းအရ ရင်းနှီး ချစ်ကြည်စိတ်ရှည်စွာဖြင့် ရှင်းပြပေး သည်။

“တရုတ်နိုင်ငံမှာ ၁၉၈ဝ ပြည့် နှစ် နောက်ပိုင်းမွေးဖွားသူ လူငယ် များကို သာ ရာထူးပေး၊ နေရာပေး၊ အလုပ်ခန့်အပ်ပါတယ်။ နေရာအများ စုမှာ လူငယ်တွေဦး ဆောင် အလုပ် လုပ်နေပါတယ်”ဟု လူငယ်များအား ရာထူးနေရာပေး ဦးဆောင်မှု အခန်း ကဏ္ဍပေးထားကြောင်း ဒုတိယညွှန် ကြားရေးမှူး မစ္စတာကျန်းရန်၏ ရှင်းပြမှုကြောင့် ကျွန်တော် ကိုယ်တိုင် ပင်လျှင် နှုတ်ဆွံ့အသွားခဲ့ရသည်။

အကြောင်းသည်ကား လူငယ် များအား အရေးပါအရာရောက် သည့်နေရာ တော်တော်များများမှာ ယုံကြည်စွာ လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုပေးသည့် နိုင်ငံ့ခေါင်းဆောင် လူကြီးများ၊ တာဝန်ရှိ လူကြီးများကို ကျွန်တော်မလေးစားဘဲ မနေနိုင် ဖြစ်မိခြင်းဟု ဆိုရမည်သာ။ လူငယ်များ၏ စွမ်းအားမြင့် မောင်းနှင်နေသည့် ယနေ့တရုတ် ပြည်သည် ခေါင်းဆောင်ကောင်းတို့ ၏ ဥာဏ်အမြော်အမြင် ကြီးမားမှု ကြောင့် ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင် ထားနေပြီဖြစ်သည်။ ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်ထားနေဆဲဖြစ်သော် လည်း “တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်ပါတယ်“ဟု ပြောသည့် ဒုတိယညွှန်ကြားရေးမှူး မစ္စတာ ကျန်းရန်၏ စကားကြောင့် ကျွန်တော့် မှာ ပြောစရာစကား မရှိဖြစ်ခဲ့ရ သည်။
ပညာတတ်၊ အလုပ်ကြိုးစား လုပ်ကိုင်သူ လူငယ်များကြောင့် ယနေ့တရုတ်ပြည်သည် ကမ္ဘာကြီးကို ချုပ်ကိုင်ချယ်လှယ်နေနိုင်ပြီဟု ယုံကြည်မိပါတော့သည်။

ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here