OMNI FOCUS ကုမ္ပဏီရဲ့FOTON ကားအမျိုးအစား YBS လိုင်း ပြေးဆွဲမယ့် ကားအသစ်တွေကို ကြော်ငြာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ ဥာဏ

0
207

 

 

nyar-na

OMNI FOCUS  ကုမ္ပဏီရဲ့ FOTON ကားအမျိုးအစား၊ YBS လိုင်းမှာ ပြေးဆွဲမယ့် ဘတ်စ် ကားအသစ်တွေရဲ့ ဓာတ်ပုံကြော်ငြာရိုက်ကွင်း ကို ဇူ လိုင်လ၁၃ရက်နေ့မှာ လှိုင်သာယာ မြို့နယ်မှာ ဓာတ်ပုံ ဥာဏက ဝင့်ယမုံလှိုင်၊ ဆုမြတ်နိုးဦး၊ ခင်သော်တာစံတို့ နဲ့အတူရိုက်ကူးပုံဖော်ခဲ့ပါတယ်။ ဒီကြော်ငြာ ရိုက် ကွင်းကိုတော့ ပေါ်ပြူလာအဖွဲ့သားများ သွားရောက် သတင်းယူဖြစ်ခဲ့ပါတယ်။ OMNI FOCUS ကုမ္ပဏီရဲ့ YBS လိုင်းမှာ ပြေးဆွဲမယ့် ဘတ်စ်ကားအသစ် တွေနဲ့ ဓာတ်ပုံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကို ဓာတ်ပုံဥာဏကို မေးမြန်းကြည့်ခဲ့ရာ…

“YBS ကားတွေ ပထမဦးဆုံး ဒီ FOTONကား တွေကို ဆိပ်ကမ်း ကနေ စထုတ်ကတည်းကစပြီး ရိုက် ဖြစ်ခဲ့တယ်။ နောက်ကျတော့ အဲဒီကားတွေ ထုတ်တဲ့ ပင်မစက်ရုံ၊ တရုတ်ပြည်မှာ သွားပြီးရိုက်တယ်။ ရန် ကုန်ရောက်တော့ ကားသွင်းတဲ့ သူဋ္ဌေးတွေက သူတို့ Series တွဲအနေနဲ့ ရိုက်ချင်တာနဲ့ ဆက်ရိုက်ဖြစ်တယ်။ မြင့်မြတ်နဲ့လည်း ဇာတ်လမ်းတိုရိုက် ဖြစ်တယ်။ တရုတ် ပြည်မှာက ဝင့်ယမုံလှိုင်၊ ဆုမြတ်နိုးဦး၊ အေးချမ်းမိုးတို့နဲ့ အတူ YBS TV ကြော်ငြာ သွားရိုက်ဖြစ်ခဲ့တယ်။ အခုရိုက်တဲ့အချိန်မှာတော့ အေးချမ်းမိုး မပါ တော့ဘူး။ ဝင့်ယမုံလှိုင်၊ ဆုမြတ်နိုးဦး၊ ခင်သော်တာစံနဲ့ ရိုက်ဖြစ်ခဲ့တယ်။ အေးချမ်းမိုးက သူ့အခက်ခဲ သူရှိမှာ ပါ။ YBSကားတွေစပြီး ၅၆လိုင်းနဲ့ ၂ဝ လိုင်း မှာစဆွဲ တဲ့အခါမှာ ကားလိုင်းနဲ့ပတ်သက်တဲ့ စည်းကမ်းပိုင်း ဆိုင်ရာတွေ၊ ဗဟုသုတတွေကို ပညာပေးဇာတ်လမ်း လေးရိုက်ကူးဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဆိုပါ OMNI FOCUS ကုမ္ပဏီကားတွေရဲ့ ဇာတ်လမ်းတို၊ ဓာတ်ပုံ၊ကြော်ငြာတွေ ရိုက်ကူးတဲ့ အခါမှာတော့ ကုမ္ပဏီအနေနဲ့ သူ့ကို အများကြီး လွတ် လပ်ခွင့်ပေးထားပြီး စိတ်ကြိုက်ရိုက်ကူးစေကြောင်း ဓာတ်ပုံဥာဏက ပြောပါတယ်။ “ကုမ္ပဏီဘက်က အစ်ကို့ကို လွတ်လပ်ခွင့်အများကြီး ပေးထားပါတယ်။ သူဋ္ဌေးတွေက ယုံယုံကြည်ကြည်နဲ့အပ်တယ်။ အစ်ကို ရယ်စရာပြောရလို့ရှိရင် သူတို့က ဒီအနုပညာနယ် ပယ်ကို လုံးဝမကျွမ်းကျင်တဲ့ အခါကျတော့ တရုတ် ပြည်မှာ ရိုက်တုန်းကဆိုရင် YBS သီချင်းကို အစ်ကိုပဲ ရေးထားတာ။ ပါလာတဲ့သူဋ္ဌေးတစ်ယောက်ဆိုရင် ‘င့ါပိုက်ဆံတွေသွားပါပြီ’ ဆိုပြီး ထုတ်ပြော တဲ့အထိပဲ။ ပြန်ရောက်မှ အစ်ကို့ကြော်ငြာ ကြည့်ပြီးတော့မှ သူတို့တော်တော်ကြိုက် တယ်ဆိုပြီးပြောတယ်”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here