ကော်ဖီဆိုင် ဖွင့်လှစ်ဦးမယ့် မိုးဟေကို

0
297

Moe-Hay-Koအခုလတ်တလောမှာ မိုးဟေကိုက စီးပွားရေး အလုပ်တွေပဲ လုပ်ဖြစ်နေပြီး ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွားတာကိုတွေ့ရပါတယ်။ သူရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးဖြစ်တဲ့ မိုး ရုပ်ရှင် ထုတ်လုပ်ရေးက ၉လပိုင်းကျရင် ဒါရိုက်တာ စတီးလ်နဲ့ ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ရိုက်ကူးဖို့ရှိကြောင်း မိုးဟေကိုကပြောပါတယ်။

“၉လပိုင်းမှာ မိုးထုတ်လုပ်ရေးက ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ရှိပါတယ်။ ဒါရိုက် တာစတီးလ်နဲ့ပါ။ ပါဝင်မယ့် သရုပ်ဆောင်တွေကိုတော့ နီးကပ် လာမှ ကြော်ငြာပေးပါ့မယ်။  ဇာတ်လမ်းက လျှို့ဝှက်ထားပါတယ်။ မိုးပါလား၊ မ ပါလား ဆိုတာလည်း နီးရင်ပြောပါ မယ်။ ဇာတ်လမ်း ကို မိုးကိုယ် တိုင် ရွေးချယ်ထားတာပါ။ ထူးခြားမှာပါ။  ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ပရိသတ်ကြိုက်နိုင်မယ့် အရာလေး တွေ ကိုတော့ အကောင်းဆုံး စဉ်းစားတယ်။ အဲဒီလိုထဲမှာမှ ဘယ်လို ဇာတ်လမ်းဖြစ် မလဲဆိုတာ နီး ကပ် ရင် ကြေညာ ပေးပါမယ်” လို့ ပြောပါ တယ်။

စီးပွားရေး လုပ်ငန်း များဖြစ်တဲ့ ရုပ်ရှင် ထုတ် လုပ်ရေး၊ ပိုးထည်တိုက်၊  မကြာခင် မှာလည်း စကော့ဈေးမှာ ကော်ဖီဆိုင်ဖွင့်လှစ်ဖို့ရှိတဲ့ မိုးဟေကို က ဘယ်အလုပ်ကိုမဆို ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့သူ တစ်ယောက်လို့ ဘယ်တော့မှ မသတ်မှတ် ထား ကြောင်းပြော ပါတယ်။

“မိုး အနုပညာအလုပ်မှာ မိုးအောင်မြင်တယ်လို့ ဘယ်တော့မှ သဘောမထားသလို၊ စီးပွားရေးလုပ် တဲ့အချိန်မှာလည်း မိုး ပိုပြီးအောင် မြင်တယ်လို့ သဘောမထားပါဘူး။  ဘာကြောင့်လဲဆိုရင် မိုး ဒီနယ် ပယ်ကို လှမ်းလာတာ အရမ်းကိုသက်တမ်းနုသေးတဲ့ အတွက် ကြောင့် မိုးမှာအများကြီး လေ့လာစရာတွေရှိသေးတယ်။  မိုးကိုယ်မိုး အောင်မြင်တဲ့သူတစ်ယောက်လို့ ဘယ်တော့မှ မသတ်မှတ် ထားဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားတဲ့ သူတစ်ယောက်လို့ပဲ ခံယူထားပါတယ်” လို့ ပြောပါတယ်။

မိခင်ကျန်မားရေးကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေ တဲ့ မိုးဟေကိုက သူ့အတွက် အရင် ကထက် အချိန်တွေ ပိုရှား သွား ကြောင်းလည်း ပြောပါတယ်။

“အမှန်အတိုင်း ပြောရလို့ရှိရင် မိုးအမေကျန်းမာရေး သိပ်မကောင်းတဲ့ အတွက်ကြောင့် အမေ့ကို အချိန် ပေးရ တယ်။ မိုးရဲ့အပြင် လုပ်ငန်းတွေကိုလည်း အချိန်ပေးရတယ်။ မိုးရဲ့ ပရိသတ် အတွက်လည်း လုံးဝပျောက် သွားလို့မဖြစ်ဘူး။ အဲဒီ အတွက်လည်း သရုပ်ဆောင် အလုပ်တွေကို ရံဖန်ရံခါ ရိုက်ကူးဖြစ်တယ်။ အဲဒီ၃ခုကို အချိန်မျှအောင် လုပ်နေတဲ့ အတွက် မိုးအတွက် အချိန် အရမ်းရှား နေသေးတယ်။ မိုးအလုပ်နဲ့ပတ်သက် တဲ့ သင်တန်းတွေလည်း ခု တက်နေတာကြောင့် မိုးအတွက်အချိန်တွေ ပိုရှား သွားတယ်” လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here