ခေါင်းဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ ထွန်းထွန်း

0
225

Tun-Tun“ကြောက်ကြောက်ကြောက်”  ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ထားတဲ့ ထွန်းထွန်းက ဒီ ဇာတ်ကားက ထူးခြားမှုတွေရှိပြီး လာ ရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ အနေနဲ့ စိတ်ချမ်းသာမှု အပြည့်အဝ ရရှိမယ့်ဇာတ်ကား ဖြစ်တယ်လို့ ယုံ ကြည်ကြောင်း ပြော ပါတယ်။

ထွန်းထွန်း ခေါင်းဆောင် မင်းသားအနေ နဲ့ ပြန်လည်ရိုက်ကူး ထားတဲ့ “ပွဲခံမယ်” ရုပ်ရှင် ဇာတ်ကား ကြီးကိုလည်း သြဂုတ်လလယ်မှာ ရုံ တင်ပြသ သွားတော့မှာဖြစ်တဲ့အတွက် ရင်ခုန် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါ တယ်။ ဒီဇာတ်ကားကတော့ အချစ် ဇာတ်လမ်း ဖြစ်ပြီး ထွန်း ထွန်း အနေနဲ့ မဟုတ် ဘဲ  တခြားသူ တစ် ယောက်ဖြစ်သွား အောင် ကြိုးစား ထားပါတယ်လို့ ဆို တဲ့ ထွန်းထွန်းက

“ဒီဇာတ်ကား က ကျွန်တော် နောက်ထပ်ကာရိုက်တာ တစ်ခုကို ဒါရိုက်တာရဲ့ ခိုင်းစေချက် အတိုင်းဖြစ်အောင် အများကြီး ကြိုး စား ပြင်ဆင်ထားတယ်။ အဲဒီဇာတ် ကားမှာ ခေါင်းဆောင် အနေနဲ့ ပါဝင် ခွင့်ရတဲ့ ဇာတ်ကားပါ။ ဇာတ်ညွှန်းရ ကတည်းက ဒါရိုက်တာ ပြောတဲ့ အတိုင်း ခန္ဓာကိုယ်ရော၊ အသား အရည်ရော visual မိတ်ကပ်တွေ လည်း လိမ်းရတယ်။ ဆံပင်တွေရော ပဲ။ ကျွန်တော် သရုပ်ဆောင်တဲ့ ပုံစံ မဟုတ်အောင်လည်း တခြားသူတစ် ယောက်ဖြစ်အောင် ကြိုးစား သရုပ် ဆောင်ထားပါတယ်။ နောက်တစ် ယောက် ဖြစ်အောင်တော့ အတတ် နိုင်ဆုံး အမှားနည်းသည် ထက် နည်းအောင် ကြိုး စားထားပါတယ်။ လာ ရောက်ကြည့်ရှုတဲ့ ပရိသတ်တွေလည်း အကဲဖြတ်ပေးပါဦး”  လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here