ရောဂါနဲ့ ပတ်သက်လို့ ပရိသတ်တွေ စိတ်ပူနေမှာစိုးလို့ မပြောတော့ ဘူး ရွှေမှုံရတီ

0
293

Shwe-Hmone-Yati-(3)သရုပ်ဆောင် ရွှေမှုံရတီ က နှလုံး အားနည်းတဲ့ ရောဂါကြောင့် ဘန်ကောက်မှာ မကြာခဏ ဆေးကုသမှု ခံယူရပါတယ်။ အခု လတ် တလော မှာလည်း ကျန်းမာရေး သိပ်မကောင်းပေမယ့် အလုပ်တွေ လုပ်ဖြစ်နေ ကြောင်းကို ရွှေမှုံရတီ က…

“ရောဂါနဲ့ ပတ်သက်လို့ ကတော့ အခက်ခဲတွေ အများကြီးပါပဲ။  ပြောပြနေလို့ ရှိရင် ပရိသတ်တွေ စိတ်ပူနေမှာစိုးလို့ မပြောတော့ပါ ဘူး။ အမှန်တကယ်တော့ ညီမ နေသိပ်မကောင်းသေးဘူး။ ညီမက အလုပ်ကို အလုပ်လို့ပဲ သဘောထားတယ်။ ရောဂါကို ထည့် မတွက်ဘူး” လို့ သူ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

နေမကောင်းဖြစ်နေတဲ့ ချိန်မှာတော့ ချစ်သူက အနီးကပ် မစောင့်ရှောက်နိုင်ပေမယ့် အဝေးက အမြဲတမ်း လှမ်း ပြီး စောင့်ရှောက်ပေးတယ် လို့ဆိုလာတဲ့ ရွှေမှုံရတီက ချစ်သူဆီ ကရော၊ မိခင်ဖြစ်သူ ဆီကပါ ခွန်အားတွေ အများကြီးရ ကြောင်းပြော ပါ တယ်။

“သူအနီးကပ် မစောင့်ရှောက် နိုင်ပေမယ့်  အဝေး ကနေအမြဲတမ်း လှမ်းပြီးတော့ စောင့်ရှောက်ပေးပါတယ်။ အမြဲ တမ်း အနီး ကပ် စောင့်ရှောက်နိုင်တဲ့ အချိန်ကျရင်လည်း ညီမ အနားမှာ အနီးကပ်နေပြီး သူအတတ်နိုင်ဆုံး စောင့်ရှောက် ပေးပါတယ်။ ညီမကို သူ ၂၄နာရီ အချိန်ပေးပါတယ်။ ညီမ နေမကောင်း ဖြစ်တဲ့ အချိန်မှာ သတိလစ်နေတော့ ညီမဘာမှ မသိဘူး။ ဒါပေမဲ့ သူရော ညီမ အမေရောက ညီမကိုခွန်အား တွေ အများကြီးပေးပါတယ်” လို့ ပြောပါတယ်။

ချစ်သူနဲ့ချစ်နေတာ အရမ်း ကြာနေပြီလို့ပြောတဲ့ ရွှေမှုံရတီက ချစ်သူဆီက ပညာတွေလည်း အများကြီး ရကြောင်း ပြောပါတယ်။

“သူ့ဆီက ပညာတွေ အများကြီး သင်ယူရ ပါတယ်။ သူက လူ့လောက အကြောင်းကို အမျာကြီး နားလည်တဲ့ အတွက် အပြင်လူတွေရဲ့ နား၊ မျက်စိ အကြောင်းတွေ အမြဲတမ်း ရှင်းပြတယ်။  ညီမ သူ့ဆီက ပညာတွေ အများကြီး ရပါတယ်။ ချစ်သူသက်တမ်း က ပြောပြလို့ မရပါဘူး။ ဒါပေမဲ့ ညီမတို့ ချစ်နေတာက အရမ်းကြာပါ ပြီ။  တစ်ယောက်နဲ့ တစ်ယောက်က ချစ် နေဖို့ပဲ အဓိကကျပါတယ်”လို့ ပြောပါ တယ်။

လတ်တလောမှာတော့ ဒါရိုက် တာကိုဇော် (အရုဏ်ဦး) ရိုက်ကူး မယ့် “ရှင့်ကိုဆယ့်နှစ်ခါမုန်းတယ်”ရုပ်ရှင်ဇာတ်ကားကြီး ကို ပြေတီဦး နဲ့အတူ သရုပ်ဆောင်မယ့် ရွှေမှုံရတီက နောက်ထပ်ထွက် ရှိမယ့် ဇာတ်ကားတွေက ကာ ရိုက်တာ တစ်ခုနဲ့တစ်ခု လုံးဝ မတူကြောင်း ပြော ပါတယ်။

တွယ်တာ
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here