လန်ဒန်မှာ နှင်းဝတ်ရည်သောင်း နဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ ဥက္ကာမင်းမောင်

0
169

Ninn-Wutt-Yee-Thaung-2မော်ဒယ်လ် သရုပ်ဆောင် ဥက္ကာမင်းမောင် က လန်ဒန်ကို သွားရောက်ရင်း နှင်းဝတ်ရည်သောင်းနဲ့ တွေ့ဆုံဖြစခဲ့တယ်လို့ သိရပါတယ်။ နှင်းဝတ်ရည်သောင်း နဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ အကြောင်းကိုတော့ သူက “ဆယ်နှစ်ကျော်ကြာမှ London မှာ ပြန်ဆုံတွေ့မယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး။ အရင်လိုပဲ လှဆဲ၊ နုပျိုမြဲ။ စကားတွေလည်း ပြောမကုန်ဘူး။ ဒရာမာတွေ၊ ရင်တွင်းဖြစ်တွေ ပေါက်ကွဲ သံစဉ် တွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ၊ ရယ်စရာတွေ ပြောကြရင်း အချိန်တွေ ဘယ် လိုကုန် သွားမှန်းတောင် မသိလိုက်ဘူး။ အခု ပေါက်စီ  hit  ဖြစ်နေတဲ့အကြောင်း လည်းပါတယ်။ သူ့ညီမလေး အတွက် ဂုဏ်ယူပါတယ်တဲ့။ ရေမွှေးတွေ၊  မိတ်ကပ်တွေလည်း တအားဂျီကျပြီး ဒီကနေ လှမ်းလှမ်း မှာတယ်တဲ့။ ကိုယ်တိုင်ကလည်း  အနုပညာလောက ထဲ မဝင်ခင်ကတည်း က နှင်းဝတ်ရည်သောင်း ၊ အေးဝတ်ရည်သောင်းရဲ့ အမာခံ ပရိသတ်။ ပေါက်စီ ရိုက်ကူးရေးတွေ ပြန် လုပ် နေတာတွေ့တော့ အရမ်း ဝမ်းသာပါတယ်။ ခုလို ပိပိနဲ့ ပြန်တွေ့ရတော့ လန်ဒန် ခရီးစဉ်က ပိုပြီး အဓိပ္ပါယ်ရှိသွားပြီ” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here