လူငယ်ဒါရိုက်တာတွေကို ကြိုဆိုတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်

0
281

Eaindra-Kyaw-Zin-(1)

အိန္ဒြာကျော်ဇင်က ဒါရိုက်တာ အာကာ ရိုက်ကူးပုံဖော်ခဲ့တဲ့ ‘ကြိုးဖုန်း’ ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကြီးမှာ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပြီး ဒါရိုက်တာ ရိုက်ကူးတဲ့ ရိုက်ချက်တွေကိုလည်း သဘောကျခဲ့ကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရတဲ့ အခန်းတွေလည်း ပါတယ်။ ဒါပေမဲ့ ဇာတ်ကားထွက်မှ ကြည့်လို့ရမယ်။ ကြိုပြော လို့မရဘူး။ ဒါရိုက်တာအသစ်တွေ လူငယ်တွေဆိုတော့ သူတို့ရဲ့ Idea တွေက အရမ်းသစ်တယ်။ အခုရိုက် ကူးခဲ့တဲ့ အခါမှာ ရိုက်ပုံ ရိုက်နည်းတွေ အရမ်းသဘော ကျတယ်။ အစ်မတို့ အရင်တုန်းက ရိုက်ခဲ့တဲ့ ပုံစံတွေနဲ့ တော်တော်လေး ကွဲပြားသွားပြီ။ အလုပ်လုပ်တဲ့အခါမှာ ပိုပျော်ဖို့ ကောင်းတယ်။ ကိုယ်ကြိုက်တဲ့ ပုံစံတွေ ရိုက်ရတာဆိုတော့ အရမ်းသဘောကျပါတယ်” လို့ ပြောပါတယ်။

ဇာတ်ကား တစ်ကားကောင်းတယ်၊ မကောင်းဘူး ဆိုတာက ဇာတ်ကားရိုက်နေတဲ့ အချိန်ကတည်းက သိတယ်လို့ ဆိုတဲ့ အိâန္ဒာ ကျော်ဇင်က ‘ ကြိုးဖုန်း’ ဇာတ်ကားကြီး ကိုလည်း ဇာတ်ကားကောင်း တစ်ကား ဖြစ်မယ်လို့ ပြောပါတယ်။

“ကောင်းတယ်လို့ မျှော်လင့်ပါတယ်။ ဇာတ်ကားရိုက်တဲ့အခါမှာ သိသာပါတယ်။ ဒီ ဇာတ်ကားကို ကိုယ်သရုပ်ဆောင်တဲ့ အခါမှာ ဒီဇာတ် ကားကောင်းတယ်၊ မကောင်းဘူးဆိုတာ ရိုက်ကူးနေ ကတည်း က သိသာပါတယ်။ ဒီဇာတ်ကားက ဇာတ်ကားကောင်း တစ်ကားဖြစ်မှာပါ” လို့” ပြောခဲ့ပါတယ်။

အခုလိုမျိုး လူငယ်ရိုက်တာ အသစ်တွေကို Welcome လုပ်တယ် လို့ဆိုတဲ့ အိန္ဒြာကျော်ဇင်က အများကြီးပေါ်လာရင်တော့ အရမ်းကောင်းမှာပါလို့ ပြောပါတယ်။

” ဒီလိုမျိုး လူငယ်တွေ Director အသစ်တွေနဲ့ ရိုက်ချက်တွေကလည်း တကယ်အလန်းတွေ၊ ဒီလိုမျိုး အများကြီးပေါ်ဖို့  လုပ်တယ်။ အဲဒီလိုလည်း လိုအပ်ပါတယ်။ နောက်တစ်ခုက နိုင်ငံ တကာမှာ သွားနေတဲ့ International ပုံစံအတိုင်း သူတို့ရိုက်ကူးတာဆိုတော့ အရမ်းအဆင်ပြေတယ်။ နောက်အဲဒီလို အဖွဲ့အစည်းတွေ အများကြီး ပေါ်လာရင်တော့ အရမ်းကောင်း မှာပါ။ အခု အာကာတို့ အဖွဲ့ကနေ စတယ်လို့ ပြောရမယ်” လို့ပြောပါတယ်။

တွယ်တာ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here