မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိုး/ ဆိတ်တင်ပို့ ရောင်းချသူများ အသင်းဖွဲ့စည်း

0
258

Mg-Nan-Wai

ပခုက္ကူခရိုင်အတွင်း သိုး၊ ဆိတ် မွေးမြူအား ကောင်းသောကြောင့် သိုး၊ ဆိတ်တင်ပို့ရောင်းချသူများ အသင်း ဖွဲ့စည်းရန် အဓိကခရိုင်မြို့ ကြီးအဖြစ် ဇူလိုင်လ ၂၃ ရက်နေ့က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပခုက္ကူခရိုင် ရုံးခန်းမ၌နေ့လယ် ၁၂နာရီ အချိန်ကျင်းပပြုလုပ်ခဲ့ပါ သည်။ အသင်းဖွဲ့စည်းရန် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနညွန်ကြား ရေမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းမြင့် နှင့်တာဝန်ရှိသူ များ၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးမြမင်းဆွေ(ပခုက္ကူ) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း (ပခုက္ကူ)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးတင့်သောင်း (ရေစကြို)အပြင် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ဒေါက်တာ ရဲထွန်းဝင်းမှ ပြည်ပသို့ သိုး၊ ဆိတ် တင်ပို့ရာတွင် စနစ်တကျ တင်ပို့နိုင် ရေး၊ အလေအလွင့်မဖြစ်ရေး၊ ဈေး ကောင်းရရှိရေး တို့ကိုအကျယ်တဝင့် ဆွေးနွေးပြောကြားပါသည်။ ၄င်း နောက် ဦးဝင်းဗိုလ် ဥက္ကဋ္ဌဦးဆောင် သော အသင်းဖွဲ့စည်းပြီး အသင်းတွင် ၁၅ဦး ပါဝင်ကြောင်းသိရသည်။

ပခုက္ကူမြို့နယ်တွင် ဆိတ်ကောင် ရေ ၄၂ဝဝဝကျော်၊ သိုး၁၆၇ဝဝ ကောင်ရေကျော်ရှိသည်ဟု တာဝန် ရှိသူတစ်ဦးကပြောသည်။ ယခင်နှစ် စာရင်းများအရ ရေစကြိုမြို့နယ် သိုးဆိတ်ကောင်ရေ ၁ သိန်းခွဲနီးပါး၊ မြိုင်မြို့နယ်တွင်၂ သိန်းဝန်းကျင်၊ တစ်ခရိုင်လုံး အနေဖြင့် ၆ သိန်းကျော် ရှိသည်ဟု သိရှိရသည်။ ပခုက္ကူနယ် သိုး၊ ဆိတ် များကို ကလေး၊ တမူး၊ မြဝတီ ရန်ကုန်၊ မိတ္ထီလာ၊ မန္တလေး ဝယ် လက်များမှ တစ်ပေါင်၂၅ကျပ် သား၊ ဆိတ် ၁ဝဝဝ နီးပါး သိုး၈ဝဝဝန်း ကျင်ရှိပြီး အညာဒေသနှင့်ကိုက်ညီ သော ဆိတ်ကိုသာ စီးပွားဖြစ်မွေး မြူအား ကောင်းကြောင်းသိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here