သမီးလေးတွေနဲ့ အတူကြော်ငြာ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံတွေကိုပြောပြတဲ့ ချစ်သုဝေ

0
137

Chit-Thu-Wai1သရုပ်ဆောင် ချစ်သုဝေက လတ်တလောမှာ အမြွှာသမီးလေး နှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့နဲ့ အတူ ကြော်ငြာ လေးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ ချစ်သုဝေ အနေနဲ့ အရင်က ရိုက်ကူးခဲ့ရတဲ့ ကြော်ငြာ ရိုက်ကူးမှုတွေ ထက် သမီးနှစ်ဦး နဲ့ ရိုက်ကူးတဲ့ အခါ အတွေ့အကြုံသစ်တွေ ရတဲ့အပြင် အမှတ်တရသစ် တွေလည်း ဖန်တီးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

“အစ်မက ကိုယ်တိုင်လည်း မင်းသမီးလုပ်ရတယ်။ အဲဒီမှာမှ ကြော်ငြာဆိုတော့ ပိုဆိုးတာပေါ့။ ကြော်ငြာလေး လှအောင် ကိုယ်က လည်း လှအောင်နေ ရသလို သမီးလေးတွေနဲ့ ရိုက်ကူးတော့လည်း သူတို့လေးတွေ ပြုံးအောင်၊ ပျော်အောင်ရယ်၊ သူတို့လိုချင်တဲ့ အိုက် တင်လေးတွေ ရအောင် ချော့မြူ ပြီး မင်းသမီးရဲ့ Guide  ကလည်းလုပ်ရတယ်။ မင်းသမီး နောက်လိုက်လည်း ကိုယ်ပဲ။ မင်းသမီးတွေကို အင်္ကျီဆင်ရ၊ တောက်တိုမယ်ရ အားလုံးကို တစ်ချိန်တည်းမှာ လုပ်ရတယ်။ သမီးတွေနဲ့ အတူ ရိုက်ရရင်လေ တအားပင်ပန်းတယ်။ ဒါပေမဲ့ ဘာနဲ့မှ မတူတဲ့ ကြည်နူးမှု၊ ပျော်ရွှင် မှုတွေ၊ အမှတ်တရတွေ အများကြီး ရပါတယ်”လို့ ချစ်သုဝေက ပြောပါတယ်။

အနုပညာရှင် ချစ်သုဝေ ဘဝနဲ့ မိသားစုအတွက် အိမ်ထောင်ရှင်မ ဘဝကို မျှတအောင် ဖြတ်သန်းနေတဲ့ ချစ်သုဝေရဲ့ နေ့စဉ် လှုပ်ရှား မှုတွေ ကို မေးမြန်းတော့ “ထရီဇာက အနုပညာသမား တစ်ယောက်ဖြစ်ပေမယ့် သာမာန် အိမ်ထောင်ရှင်မတစ်ယောက် အနေနဲ့ ဘဝ ကို ဖြတ်သန်း ဖြစ်ပါတယ်။ အနုပညာအလုပ် မလုပ်ရင် သမီး လေးတွေရဲ့အခန်းကို ရှင်းတယ်။ အဝတ်အစားတွေ၊ နေ့စဉ် သမီးလေးတွေ အတွက် အလုပ်တွေကအစ အစ်မကိုယ်တိုင်ပဲလုပ်တယ်။ သမီး လေးတွေ ၁နှစ် ရောက်သွားပြီဆိုရင် မွေးစကပြီး ၁လ၊ ၂လ၊ ၆လက ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို အတူတကွ မဖြတ်သန်းရင်၊ ဒီအချိန်လေးတွေကို ပြန်လိုချင်ရင် မရတော့ဘူး။ သူတို့လေးတွေ ကြီးထွားလာတဲ့ ဆင့်ကဲ့ပြောင်းလဲမှုတိုင်းမှာ အစ်မ သူတို့နဲ့အတူ ရှိနေချင်တယ်။ အစ်မရဲ့ ကိုယ် ပိုင် မိသားစုဘဝလေးမှာ သမီးလေးတွေကို ပြုစု ယုယသလို မထရီဇာရဲ့ အနုပညာ Life မှာလည်း အစ်မ ပရိသတ် အတွက်လည်း အတတ်နိုင် ဆုံး ဖြစ်အောင် ကြိုးစားရတာပေါ့။ အဲဒီအတွက် အစ်မအလှူလုပ်တယ်။ ခေါင်းခြောက်တယ်။ တအားလည်း ပင်ပန်းတယ်။ ဒါပေမဲ့ ဒီအချိန်လေးတွေ ကိုပဲ ထရီဇာပျော်နေပါတယ်”လို့ ချစ်သုဝေက ပြောပြပါတယ်။

ချစ်သုဝေရဲ့ အနုပညာခြေလှမ်း အသစ် အနေနဲ့တော့ သူမရဲ့ ဒုတိယ တေးစီးရီးအတွက် ပြင်ဆင်မှုတွေ လုပ်နေပြီး အောက်တို ဘာလလောက် မှာ ထွက်ရှိနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here