ရာဇဝင်ရိုင်းသူများ ရုပ်ရှင် ဇာတ်ကားကို ကြည့်ရှုတဲ့ ပရိသတ်များ အတွက် သရုပ်ဆောင်ပြိုင်ပွဲ တစ်ခု ကျင်းပမည်

0
276

Yarzawin-Yinethu-Myarစိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ပုံဖော် ရိုက်ကူးထားတဲ့ “ရာဇဝင် ရိုင်းသူများ” ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၇နာရီ ခွဲက သမ္မတ ရုပ်ရှင်ရုံမှာ ပြသခဲ့ပါ တယ်။ ဒီဇာတ်ကားမှာ ပြေတီဦး၊ မြင့်မြတ်၊ လိုင်လာခန်း၊ ပက်ထရစ်ရှာ တို့က အဓိက သရုပ်ဆောင်များ အဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါ တယ်။  အခုလိုပြန်လည် ရိုက်ကူးပုံဖော် ဖြစ်ပုံ ကိုတော့ ဒါရိုက်တာ မောင်မျိုး မင်း (ရင်တွင်းဖြစ်)က ..

“မင်းသား၂လက် အားပြိုင်တဲ့ ဇာတ်ကားကို ရိုက်ကူးဖို့ ဆိုရင် လွန်ခဲ့ တဲ့၂၅ နှစ်က ရိုက်ကူးတဲ့ “မိုးတစ္ဆေ” ဆိုတဲ့ ဇာတ်ကားကို သတိရသွား တယ်။ အဲဒီတုန်းက ကျော်ဟိန်းနဲ့ ကျော်ရဲအောင်ပါ။ ကျော်ဟိန်းနဲ့ ကျော်ရဲအောင်ရဲ့ဇာတ်ကားကို Version  အသစ် နဲ့ ပြန်လည် ဖန်တီး တာပါ။ ဖန်တီးတော့ အရင်တုန်းက မကြိုက်ခဲ့တာတွေကို အကုန်လုံး ပြောင်းလဲပြီး ရိုက်ထား တယ်”လို့ ပြောပါတယ်။ ဒီဇာတ်ကားကို သြဂုတ်လ အတွင်းမှာ ရုံတင်ပြသ တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကား ကိုကြည့်ရှုတဲ့ နယ်နယ် အရပ်ရပ်မှ ပရိသတ်များ အတွက် သရုပ်ဆောင် ပြိုင်ပွဲတစ်ခု ကျင်းပ သွားမှာဖြစ် ကြောင်းကို ဒါရိုက်တာ မောင်မျိုး မင်း(ရင်တွင်းဖြစ်) က..

“ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းသား၊ မင်းသမီးတွေ ကိုယ်တိုင်ကပဲ ရွေးချယ်ပေးသွားမယ်။ သရုပ် ဆောင်ဆု ရရှိသူ ၈ယောက် စလုံးကို ဇာတ်ကား ထဲမှာ ပါဝင်တဲ့ သင်္ဘော ပေါ်မှာပဲ ညစာစားပွဲ ကျင်းပပေး မယ်။ စိန်ဌေး ဗီဒီယို ထုတ်လုပ်ရေးက နောက်ထပ် ထုတ်လုပ် ရိုက်ကူးမယ့် ဇာတ်ကားတွေ မှာလည်း သူတို့ကို အလျဉ်းသင့်သလို ထည့်သွင်းရိုက် ကူးပေးသွားမယ်”လို့ ပြောပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here