အင်္ဂလိပ်သီချင်း တစ်ပုဒ်ကို အွန်လိုင်းက ဖြန့်ချိမယ့် စန္ဒီမြင့်လွင်

0
269

DeDe

ဟစ်ဟော့တေးသံရှင်တစ်ဦးဖြစ်သူ စန္ဒီမြင့်လွင် က သြဂုတ်လထဲ မှာ အွန်လိုင်းကနေ သီချင်း တစ်ပုဒ် ဖြန့်ဖို့ရှိပြီး ဒီသီချင်းကိုတော့ အင်္ဂလိပ်လိုသီဆိုမှာ ဖြစ်တဲ့အတွက် ဘဝအတွက် အမှတ်တရဖြစ်ရတဲ့သီချင်းတစ်ပုဒ်ဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။

“ဒီသီချင်းကို နောက်လမှာ ဒီးဒီ မွေးနေ့လည်း ရှိတယ်။ မွေးနေ့မှာ ဖြန့်ဖြစ်မလားတော့ မသိသေးဘူး။ သီချင်းတစ်ပုဒ်ကို အွန်လိုင်းမှာ ထုတ်ဖို့ရှိပါတယ်။ ကိုဂျေမီရေးပေးထားတာပါ။ အဲဒီသီချင်းက ပုံစံဆန်းဆန်းလေးနဲ့ ဗားရှင်းပြောင်းပြီးတော့ ထွက်လာဖို့ ရှိပါတယ်။ သီချင်းကတော့ ဟစ်ဟော့ပါပဲ။ မြူးဇစ်တွေရော Featuring ဆိုတာရော ဒီကမဟုတ်ဘူး။ နိုင်ငံခြားက artist တွေနဲ့ လုပ်ဖြစ်တာပါ။ အဓိကတော့ Nine Night ကိုဂျေနဲ့ပေါင်းပြီး အဲဒီ သီချင်း လေးလုပ်ဖြစ်တယ်။ ကိုဂျေမီက  Lyric လုပ်ပေးတယ်။ ဒီးဒီဆိုတယ်။ မြန်မာလိုတော့ မဟုတ်ဘူး။ အင်္ဂလိပ် ဗားရှင်းနဲ့ ပထမဆုံးသီဆိုဖြစ်မယ့် သီချင်းတစ်ပုဒ်ပါ။ ဒီးဒီရဲ့ ဘဝအတွက်လည်း အမှတ်တရ ဖြစ်ပါ တယ်” လို့ အင်္ဂလိပ်ဗားရှင်းသီချင်းကို အွန်လိုင်းက ဖြန့်ချိမယ့်အကြောင်း ပြောပါတယ်။ အင်္ဂလိပ်လို သီဆို ရမှာဖြစ်တဲ့အတွက် မဆိုခင်ကတည်းက စိတ်တွေ လှုပ်ရှားနေ မိတယ်လို့ဆိုတဲ့ စန္ဒီမြင့်လွင်က…..

“အဲဒီသီချင်းလေးကို လာပြတာ Nine Night  က ကိုဂျေ ကနေလာပြတာပါ။ ဒီသီချင်းလေးကောင်းတယ်။ ဒီးဒီနဲ့ လည်း လိုက်ဖက်တယ် ဆိုပြီး သူယူလာတဲ့ သီချင်းကိုပြတယ်။ ဒီးဒီးက လည်း ကြိုက်တယ်။Featuring ကလည်း အင်္ဂလိပ်လိုပဲ ဆိုထားတဲ့ အခါကျတော့ ဒီးဒီလည်း အင်္ဂလိပ်လိုပဲ rapping  ဆိုလိုက်တာ ကောင်းမယ်ဆို ပြီး တိုင်ပင်ဖြစ်ကြ တာပေါ့။ ဒီသီချင်းကို တအား ရင်ခုန်နေတယ်။ အခုဆိုမဆို ရသေးဘူး။ ဒါပေမဲ့ အဲဒီသီချင်းနဲ့ ပတ်သက်ပြီး တအားစိတ်လှုပ်ရှားနေတယ်။ တအားဆိုချင်နေသလို ဖြစ်နေတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here