ဇာတ်ကား ရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ခံစားချက် တချို့ကို ဖွင့်ဟလိုက်တဲ့ အကယ်ဒမီ ဇော်ဦး

0
223

Zaw-Oo

အကယ်ဒမီ ဦးဇော်ဦးက လက်ရှိအချိန်မှာ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ တောက် လျှောက် ရိုက်ကူးဖြစ်နေပါတယ်။ အသက်အရွယ်အားဖြင့် ၆ဝထဲကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ အကယ်ဒမီ ဦးဇော်ဦးကှိုအမနျ တွေ အရမ်းများ လွန်းတဲ့ သရုပ်ဆောင်အလုပ်ကို လုပ်နေရတော့ ကျန်းမာရေးအတွက် ကို ဘယ်လိုဂရုစိုက်ရ လဲလို့မေးတဲ့အခါ သူက ကျန်းမာရေးကို ဂရုစိုက် ထိန်းသိမ်းဖို့ အချိန်မရှိတဲ့အတွက် အလုပ်နဲ့ပဲ ထိန်းသိမ်း နေရတယ်လို့ ဆိုပါတယ်။ ဦးဇော်ဦးက လက်ရှိမှာ ရုပ်ရှင်နဲ့ ပတ်သက်လို့ သူခံစား နေရတဲ့ ခံစားချက်ရှိပါတယ်။ အဲဒီ ခံစားချက်ကတော့……..

“တစ်ခါတစ်ခါကျရင် ရိုက်ရလွန်းအားကြီးတော့ ငြီးငွေ့လာသလို ခံစားရတယ်။ တခြားသူတွေ လိုမျိုးပဲ လွတ်လွတ်လပ်လပ်၊ အေးအေးဆေးဆေး နေချင်လိုက်တာ ဆိုတဲ့ စိတ်ကလေးပေါ်တယ်။ အခုကကျတော့ သူများ စိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်နေတယ်။ ဇော်ဦးရေ…မင်းငိုကွာ ဆိုရင်လည်း ငိုရတယ်။ မျက်ရည် အစစ်လိုချင် တယ်ဆိုရင် နှလုံးရောဂါဖြစ်မတတ်ခံစားရတယ်။ ဒေါသ ဖြစ်ဆိုရင် လည်း အသားတွေ နီရဲပြီးတော့ ဒေါသတွေ အရမ်းထွက်ရ တယ်။ ကြိုးဆွဲရာကရတဲ့ ရုပ်သေးရုပ်ဖြစ်လာတော့ တစ်ခါ တလေကျရင် မရိုက်ချင်ဘူးကွာဆို ပြီးတော့ အတွေး ဖြစ်မိ တယ်။ အဲဒီလိုမျိုးလေး နေကြည့်လိုက်မယ်စိတ်ကူးပြီး တစ်ခါတလေ ဇာတ်ကားရိုက်နား သွားလို့ ရှိရင်မနေနိုင် ဘူး။ ထိုင်နေရတဲ့ အချိန်တွေမှာ ဇာတ် ကားပြန်ရိုက်ချင် လာတယ်။ အဲဒါ တစ်သက်လုံး ရုပ်ရှင်နဲ့ ဖြတ် သန်းလာခဲ့ တဲ့အတွက် ခံစားနေရတဲ့ ခံစားချက်ပဲ” လို့ပြော ပါတယ်။

ဆက်လက်ပြီး ရုပ်ရှင်နဲ့ပတ်သက်ပြီး သူဖြတ်သန်း လာခဲ့တဲ့ အကြောင်းကိုလည်း………….

“အဖေက ရုပ်ရှင်မင်းသားကြီး ခင်မောင်လွင် ဆိုတော့ အူဝဲဆိုပြီးမွေးလာလို့ ၂ပတ်လောက်ကတည်းက တရားဝင် ရိုက်လိုက်တာက ‘သီရိဂေဟာ’ ရိုက်တယ်။ ပြီးတော့မှ ဆက်တိုက် ‘သူငယ်ချင်းမောင် ဘဦး’တို့၊ ‘ထို့ကြောင့် ဤအရာကို အချစ်ဟု ခေါ်သည်’ တို့ကနေ စပြီးတော့ လက်ရှိအချိန်ထိပေါ့” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here