ဒရာမာ ဇာတ်ကားတွေ ပိုပြီး ရိုက်ကူးချင်တဲ့ ထက်အောင်ရှိုင်း

0
213

Htet-Aung-Shine

‘ဖေ့စ်ဘုတ်ရွာ-၂’ ဟာသရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ထက်အောင်ရှိုင်းက ဟာသဇာတ်ကားတွေထက် ဒရာမာဇာတ်ကားတွေ ရိုက်ကူး ရတာ ပိုအားသန်ကြောင်း အခုလိုပြောပါတယ်။

” ကျွန်တော် ရိုက်ကူးရတဲ့ ဟာသဇာတ်ကား တော်တော်များများက ပေါ့ပေါ့ပါးပါးပါပဲ။ အဲဒါကြောင့် ဟာသဇာတ်ကားမှာ ကျွန်တော်အတွက် အခက်အခဲသိပ်မရှိပါဘူး။ ကျွန်တော် ပိုအားသန်တာက ဒရာမာပါ။ ဒါကြောင့် ဒရာမာ ဇာတ်ကားပိုပြီး ရိုက်ချင်ပါတယ်” လို့ပြောပါတယ်။

အခုလတ်တလော ထက်အောင်ရှိုင်းကို မိတ်ကပ်ပညာရှင် မကြီးစန်းရဲ့ ချစ်သူက အနုပညာ လောကထဲကလို့ ပြောလိုက်တဲ့အပေါ် ပရိသတ်တချို့က ထင်နေတာကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“အခုတလော မကြီးစန်းက သူ့ရဲ့ ချစ်သူက အနုပညာလောကထဲ ကလို့ ဆိုလိုက်တာနဲ့ အားလုံးက ကျွန်တော်လို့ ထင်နေကြတယ်။ ကျွန်တော် ဒီကိစ္စကို သီးသန့်ကြီးရယ်လို့ မဖြေရှင်းခဲ့ပါဘူး။ မကြီးစန်းက သူအင်တာဗျူး ဖြေထားတဲ့ပုံနဲ့ ကျွန်တော့်ပုံကို ဖေ့စ်ဘွတ်မှ နောက်ပြီးတော့ တင်လိုက်တယ်။ ဒါကြောင့် ပရိသတ်တွေ ထင်သွားကြတာပါ” လို့ ပြောပါတယ်။အနုပညာအပေါ် ခံယူချက်နဲ့ ပတ်သက်ပြီးလည်း ထက်အောင်ရှိုင်း က….

“ကျွန်တော်’မကြီးစန်းနဲ့ သူ၏ချစ်သူများ’ ဇာတ်ကားမှာ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အားရကျေနပ်မှု သိပ်မရဘူး။ အခုကျွန်တော် ပိုပြီး ကြိုးစားနေတယ်။ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ခံရတာတွေလည်း ရှိတယ်။ ဒါပေမဲ့လည်း ကျွန်တော် အဲဒါတွေကို သိပ်ပြီးတော့ စိတ်ထဲမှာ မရှိဘူး။ ကျွန်တော်ချစ်တဲ့ အနုပညာကို ကျွန်တော် ကြိုးစားနေတယ်လို့ပဲ ခံယူပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here