‘99 လို့ အမည်ပေးထားတဲ့ ဒုတိယ တစ်ကိုယ်တော် အခွေကို နိုဝင်ဘာမှာ ထွက်ရှိမယ့် X.Box

0
136

X-Box-1

‘99 လို့အမည်ပေးထားတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးသွားတဲ့နောက်မှာတော့ X.Box က သူ့ရဲ့ ဒုတိယတစ်ကိုယ် တော်အခွေကို နိုဝင်ဘာလထဲမှာ ကျိန်းသေထွက်မှာပါလို့ ဆိုလိုက်ပါ ပြီ။ နံပါတ်ကိုးနဲ့ အကျိုးပေးတဲ့ X.Box က မကြာခင်ထွက်ရှိတော့မယ့် သူ့အခွေကို ‘99 လို့ အမည်ပေး ထားပါတယ်။ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ Myanmar Broadcasting Co,Ltd (MBC)  နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ X.Box  က ဗီဒီယို ၅ကား၊ ရုပ်ရှင် တစ်ကား ရိုက်ကူးဦးမှာပါ။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းကို ဒုတိယတစ်ကိုယ်တော် အခွေထွက်ရှိ ပြီးမှပဲ ဆက်လက်လုပ်ဆောင်သွားမှာပါလို့ သူကဆိုပါတယ်။ သရုပ်ဆောင်လုပ် မယ့်အပေါ် ကို X.Box က…

“မင်းသားဖြစ်ချင်တယ်ရယ်လို့ အတွေးမျိုးတော့မဟုတ်ပါဘူး။ အဓိက ကတော့ သဘာဝဆန်ဆန် ကျွန်တော့်ရဲ့ လုပ်ပုံကိုင်ပုံလေးတွေကို တီဗီဖန် သားပြင်ပေါ် ရောက်သွားလို့ရှိရင် ကြည့်နေတဲ့ ပရိသတ် တွေဘယ်လိုမျိုး မြင်မလဲဆိုတာ ဝေဖန်စေချင်တဲ့ အတွက် ဒီအလုပ်လေးကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာလည်း ကျွန်တော်တို့ ကြိုက်တဲ့ Rapper တွေတော် တော် များများလည်း ရုပ်ရှင်ရိုက်ကြတယ်။ အဲဒီရည်ရွယ် ချက်နဲ့ပဲ စိန်ခေါ်မှုတစ်ခုကို လက်ခံလိုက် တာပါ”လို့ ဆိုပါတယ်။

အခွေမထွက်ရှိခင် သီချင်းသစ် ၂ပုဒ်ကို အွန်လိုင်းမှာ တင်သွားမယ့်အကြောင်းကို လည်း “နိုဝင်ဘာမှာ ကျွန်တော့်ရဲ့ ဒုတိယအခွေထွက်ရှိပါမယ်။ အဲဒီ မတိုင်ခင် သီချင်း ၂ပုဒ်ကို Music Video အနေနဲ့ ဒီလမဟုတ်ရင် နောက်လဆန်း လောက်မှာ ပရိသတ်တွေ ကြည့်ရှုလို့ရအောင် ကျွန်တော် ကြိုးစားနေတယ်။ သီချင်းအသစ် ၂ပုဒ်မှာ တစ်ပုဒ်ကတော့ Rapper တွေအကြိုက်ပါ။ ၂ပုဒ်မှာ တစ်ပုဒ်က ‘ရွတ်’ ၊ နောက်တစ်ပုဒ်က ‘အပြင်တွေ လျှောက်မသွားနဲ့’ပါ။ ‘အပြင် တွေလျှောက်မသွားနဲ့’ သီချင်းကတော့ ကျွန်တော် အရင်က ပေါက်ခဲ့တဲ့ ‘အိပ်ရေးမပျက်စေနဲ့’ သီချင်း ပုံစံမျိုးပါပဲ။ ‘ရွတ်’ဆိုတဲ့ သီချင်း ကတော့ ကျွန်တော် Underground  တုန်းကလုပ်ခဲ့တဲ့ဟစ်ဟော့ပ်ပုံစံ တွေထဲက ပုံစံတစ်ခု ပါပဲ’ လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here